- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ပြည်သူများ မရသေးမီ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေး စောလျင်စွာထိုးနှံခဲ့သည့် ပီရူးနိုင်ငံခြားရေးဝန်ကြီး ရာထူးမှနုတ်ထွက်
ပီရူးတွင် ကိုဗစ်ကာကွယ်ဆေးအား ပြည်သူများ မရရှိသေးမီ နိုင်ငံရေးသမားများ စောစီးစွာ ထိုးနှံနေသည့် သတင်းများ ထွက်ပေါ်နေသည့် အချိန်၌ ပီရူး နိုင်ငံခြားရေးဝန်ကြီးသည် တနင်္ဂနွေနေ့တွင် ရာထူးမှုနုတ်ထွက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Feb 2021

ပီရူးတွင် ကိုဗစ်ကာကွယ်ဆေးအား ပြည်သူများ မရရှိသေးမီ နိုင်ငံရေးသမားများ စောစီးစွာ ထိုးနှံနေသည့် သတင်းများ ထွက်ပေါ်နေသည့် အချိန်၌ ပီရူး နိုင်ငံခြားရေးဝန်ကြီးသည် တနင်္ဂနွေနေ့တွင် ရာထူးမှုနုတ်ထွက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမည့်ရက် အတိအကျမ သတ်မှတ်ရသေးသော်လည်း အရာရှိများ ကာ ကွယ်ဆေးထိုးနှံခြင်းကို ပြည်သူများ၏ မကျေနပ်မှုများမြင့်တက်နေပြီး လက်ရှိတွင် အဆိုပါ အရှုပ်တော်ပုံကြောင့် နုတ်ထွက်သူ ထိပ်တန်းအရာရှိ နှစ်ဦးအထိ ရှိလာပြီဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကြောင့် ဆေးရုံများတွင် လူနာများပြည့်ကြပ်ခဲ့သည်အထိ ဆိုးဝါး စွာထိခိုက်ခံစားခဲ့ရသည့် ပီရူးတွင် ကျန်းမာရေးဝန်ထမ်းများကို ကနဦး ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှသာ စတင်ဆောင်ရွက်ခဲ့သည်။
ရှေ့နေချုပ် Zoraida Avalos သည် သမ္မတဟောင်း Martin Vizcarra နှင့် အခြားတာဝန်ရှိသူတို့အား ထိပ်ပိုင်း အရာရှိကြီးများကို ကာကွယ်ဆေးအစောပိုင်းထိုးနှံပေးမှုနှင့် စပ်လျဉ်းပြီး “ကနဦးစစ်ဆေးမှုများ” စတင်ခဲ့ကြောင်း ပီရူးမီဒီယာက ဖော်ပြခဲ့သည်။
ထိပ်တန်းသံတမန်ဖြစ်သူ Elizabeth Astete ကလည်း မိမိသည့် ပြီးခဲ့သည့်လက ကာကွယ်ဆေးထိုးနှံခဲ့ပြီး ထိုကဲ့သို့ ထိုးနှံခြင်းမှာ “ကြီးမားသောအမှားအယွင်း” တစ်ရပ်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ထိုးနှံတော့မည် မဟုတ်ကြောင်း တွစ်တာတွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။
ယခင်သမ္မတ Vizcarra သည် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံထုတ် ဆီနိုဖမ်း ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သတင်းစာတစ်စောင်၌ ဖော်ပြချက် ပေါ်ထွက်လာပြီးနောက် ကျန်းမာရေးဝန်ကြီး Pilar Mazzetti သည် ပြီးခဲ့သည့် သီတင်းပတ်၌ ရာထူးမှနုတ်ထွက်ခဲ့သည်။
ပီရူးနိုင်ငံသည် ကာကွယ်ဆေး သုံးသိန်း ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ အစောပိုင်းရောက်မှ ရောဂါကာကွယ်ရေးအစီအစဉ်ကို စတင်ခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့သည်။