- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
ဖိလစ်ပိုင်တွင် မန်းယီမုန်တိုင်းကြောင့် ၈ ဦးထက်မနည်း သေဆုံး
မန်းယီ စူပါတိုင်ဖွန်းမုန်တိုင်းသည် တစ်လအတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သော ဆဋ္ဌမမြောက် မုန်တိုင်းဖြစ်ပြီး ပြီးခဲ့သောစနေနေ့က ကာတန်ဒျူအာနက်စ်၏ အရှေ့ပိုင်းစီရင်စုကို ဦးတည်ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
19 Nov 2024

သီတင်းပတ်ကုန်ကာလ၌ ဖိလစ်ပိုင်ကျွန်းစုကို စူပါတိုင်ဖွန်းမုန်တိုင်း မန်းယီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုများနှင့် မုန်တိုင်းဒီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း Reuters က ဖော်ပြထားသည်။
မန်းယီ စူပါတိုင်ဖွန်းမုန်တိုင်းသည် တစ်လအတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သော ဆဋ္ဌမမြောက် မုန်တိုင်းဖြစ်ပြီး ပြီးခဲ့သောစနေနေ့က ကာတန်ဒျူအာနက်စ်၏ အရှေ့ပိုင်းစီရင်စုကို ဦးတည်ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
သို့သော် ပင်မ လူဇွန်ကျွန်းကို ဖြတ်ကျော်ရွေ့လျားအပြီးတွင် မုန်တိုင်းသည် အားပျော့သွားခဲ့ကာ လွန်ခဲ့သောတနင်္လာနေ့၌ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်မှ တိုင်ဖွန်းမုန်တိုင်းသို့ အဆင့်လျော့ကျသွားပြီး မြေပြင်မှနေ၍ ထွက်ခွာသွားပြီလည်းဖြစ်သည်။
အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်သော မိသားစုဝင် ၇ ဦးရှိသည့် မိသားစုတစ်ခုသည် နူဗာဗစ်ဇ်ကာယာရှိ မြောက်ပိုင်းစီရင်စုခရိုင် မြို့တစ်မြို့တွင် စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် မြေပြိုကျမှုကြောင့် နေအိမ်တစ်ခုလုံး ပြိုကျလာသည့်မြေများပိကာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း အဆိုပါဒေသရှိ သဘာဝဘေးအန္တရာယ်ရုံးက ပြောကြားသည်။
ကာမာရီနက်စ် နော်တီပြည်နယ်ရှိ ဒါအက်မြို့တွင် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တိုင်ဖွန်းမုန်တိုင်းကြောင့်ဖြစ်ပေါ်သော လေပြင်းတိုက်ခတ်မှုကြောင့် ကေဘယ်လ်ကြိုးများ တွဲလောင်းပြုတ်ကျရာ ကတဆင့်ဖြစ်ပေါ်သော ယာဉ်မတော်တဆမှု၌ သေဆုံးသွားခဲ့သည်ဟု ပြည်နယ် သဘာဝဘေးအန္တရာယ်ရုံးက ပြောကြားခဲ့သည်။
“မုန်တိုင်းဒဏ်သင့် ဧရိယာတွေနဲ့ မုန်တိုင်းကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ သူတွေကို ကျွန်တော်တို့တွေ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ကာမာရီနက်စ် နော်တီပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လူသေဆုံးမှုကို ရည်ညွှန်းကာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် အပူပိုင်းမုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်သည်ကို ရင်ဆိုင်ကြုံရလေ့ရှိပြီး မုန်တိုင်းများကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်တတ်လေ့ရှိသည်။