- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အွန်လိုင်းမှောင်ခိုဈေးတွင် ရောင်းချခံရသည့် ပုဂ္ဂိုလ်ရေးအချက်အလက် ငါးသန်းတွင် အိန္ဒိယမှ ၆ သိန်းအထိပါဝင်
ဟက်ကာများအသုံးပြုသည့် အွန်လိုင်းမှောင်ခိုဈေး (Bot Market) များတွင် ပြီးခဲ့သောလေးနှစ်တာအတွင်း ကမ္ဘာတစ်ဝန်းမှ လူပုဂ္ဂိုလ် ငါးသန်းခန့်၏ အချက်အလက်များ ခိုးယူရောင်းချခံခဲ့ရကြောင်း VPN ဝန်ဆောင်မှုကုမ္ပဏီ NordVPN က ပြောကြားလိုက်သည်။ အဆိုပါ ငါးသန်းအနက် အိန္ဒိယသည် ၆ သိန်းဖြင့် ခိုးယူခံရသူအရေအတွက် အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း NordVPN ၏ ပြောကြားချက်အရ သိရသည်။
09 Dec 2022

သရုပ်ဖော်ပုံ - Enterprise IT World
DMG | ဒီဇင်ဘာ ၉
ဟက်ကာများအသုံးပြုသည့် အွန်လိုင်းမှောင်ခိုဈေး (Bot Market) များတွင် ပြီးခဲ့သောလေးနှစ်တာအတွင်း ကမ္ဘာတစ်ဝန်းမှ လူပုဂ္ဂိုလ် ငါးသန်းခန့်၏ အချက်အလက်များ ခိုးယူရောင်းချခံခဲ့ရကြောင်း VPN ဝန်ဆောင်မှုကုမ္ပဏီ NordVPN က ပြောကြားလိုက်သည်။ အဆိုပါ ငါးသန်းအနက် အိန္ဒိယသည် ၆ သိန်းဖြင့် ခိုးယူခံရသူအရေအတွက် အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း NordVPN ၏ ပြောကြားချက်အရ သိရသည်။
ဟက်ကာများသည် Bot Malware များအသုံးပြုကာ ကွန်ပျူတာများမှ အချက်အလက်ကို ခိုးယူပြီး မှောင်ခိုဈေးများတွင် ရောင်းချကြခြင်း ဖြစ်သည်။
NordVPN ကုမ္ပဏီသည် ပြီးခဲ့သောလေးနှစ်တာအတွင်း အွန်လိုင်းမှောင်ခိုဈေးများကို လေ့လာပြီး စစ်တမ်းကောက်ခဲ့ခြင်း ဖြစ်သည်။
ဤလေ့လာချက်အရ ခိုးယူခံရသည့် အချက်အလက်များတွင် Log In ဝင်သည့် အချက်အလက်များ၊ Browser တွင်မှတ်သားထားသော ကွတ်ကီးဟု ခေါ်သည့် အသုံးပြုသူ အချက်အလက်များ၊ ဒီဂျစ်တယ်လက်ဗွေရာများ၊ Screenshot များလည်း ပါဝင်သည်ကို တွေ့ရကြောင်း NordVPN က ပြောကြားသည်။
အရေအတွက်အားဖြင့် ဒီဂျစ်တယ်လက်ဗွေ ၈ သောင်းကျော်၊ ပစ္စည်းအမျိုးမျိုးမှ ရိုက်ယူထားသည့် Screenshot များ၊ အလိုအလျောက်ဖြည့်ပေးသည့်ဖောင် ငါးသိန်းကျော်၊ ဝက်ဘ်ကင်မရာမှ ရိုက်ယူထားသည့် ဓာတ်ပုံများ၊ ကွတ်ကီး ၆၆၇ သန်းခန့် ပါဝင်သည်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အချက်အလက်များအတွက် ရောင်းချသည့်ဈေးနှုန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာနီးပါးရှိသည်။
ခိုးယူခံရသူများ၏ အချက်အလက်များတွင် ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်နှင့် ဖေ့စ်ဘုတ်တို့မှ အကောင့်အချက်အလက်များလည်း ပါဝင်သည်ဟု NordVPN က ဖော်ပြသည်။
NordVPN သည် အထင်ကရ မှောင်ခိုဈေးသုံးခုဖြစ်သော Genesis Market ၊ Russian Market နှင့် 2Easy တို့ကို လေ့လာခဲ့ခြင်းဖြစ်သည်။