- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ပါကစ္စတန်မှာ တစ်နေ့တည်း ဖြစ်ပွားသည့် မတော်တဆမှု နှစ်ခုအတွင်း လူ ၅၁ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံတွင် တနင်္ဂနွေနေ့ တစ်ရက်တည်း၌ မတော်တဆမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၁ ဦးအထိ ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
30 Jan 2023
ဓာတ်ပုံ - AFP
ပါကစ္စတန်နိုင်ငံတွင် တနင်္ဂနွေနေ့ တစ်ရက်တည်း၌ မတော်တဆမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၁ ဦးအထိ ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ဒေသတွင် ဘတ်စ်ကားတစ်စီးသည် မြောင်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၄၁ ဦးအထိ ရှိထားကြောင်း အတည်ပြုထားသည်။
“အလောင်းတွေကို ရုပ်တွေ မှတ်မမိတော့ဘူး” ဟု ဘယ်လာမြို့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိ ဟမ်ဇာအန်ဂျန်းက ပြောကြားသည်။
ဘတ်စ်ကားပေါ်၌ ဆီပုံးများ ပါလာသည်ဟု ဒေသခံ ကယ်ဆယ်ရေးဌာနအကြီးအကဲ အက်ရှ်ဂါရာမာဇန်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“ဘတ်စ်ကား ပြုတ်ကျတာနဲ့ ချက်ချင်း မီးထလောင်တာ” ဟု သူကပြောသည်။
တံတားပေါ်မှနေ၍ မြောင်အတွင်းသို့ ပြုတ်ကျခဲ့သည့် အဆိုပါဘတ်စ်ကားသည် မီးခိုးများအူနေခဲ့ပြီး အချို့က သံဖြတ်ကိရိယာများဖြင့် ဘတ်စ်ကား ဘေးဘောင်များကိုဖြတ်ကာ မီးလောင်ကျွမ်းသွားသည့် ခန္ဓာအစအနများကို ဆွဲထုတ်နေကြပြီး အချို့မှာလည်း အဝတ်များဖြင့် ဖုံးအုပ်ပေးနေသည်ကို ဗီဒီယိုဖိုင်အချို့၌ တွေ့ရသည်။
တနင်္ဂနွေ တစ်ရက်တည်း၌ နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပါတွန်ခဝါ၌လည်း စက်လှေတစ်စီး နစ်မြုပ်မှုကြောင့် ကျောင်းသား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကာ ပျောက်ဆုံးနေသူ သုံးဦးအထိ ရှိနေကြောင်း အာဏာပိုင်များက ပြောကြားသည်။
လတ်တလော ဆယ်ယူရရှိထားသော သေဆုံးကျောင်းသားများမှာ အသက် ၇ နှစ်နှင့် ၁၄ နှစ်ကြား အရွယ်များဖြစ်သည်။ တနင်္ဂနွေနေ့ညပိုင်းအထိ အသက်ရှင်လျက် ကယ်ယူရရှိထားသူ စုစုပေါင်း ၁၇ ဦးရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။