- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အင်္ဂလန်ဘုရင်မကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည်ကို တနင်္ဂနွေနေ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဘက်ကင်ဟမ်နန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Feb 2022

DMG | ဖေဖေါ်ဝါရီ ၂၂
အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည်ကို တနင်္ဂနွေနေ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဘက်ကင်ဟမ်နန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရောဂါလက္ခဏာများမှာ မပြင်းထန်ဘဲ သာမန်အအေးမိသည့် လက္ခဏာများသာ ရှိပြီး သူမ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားရန် စီစဉ်ထားသည်ဟု သိရကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
ဘုရင်မကြီးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နန်းသက် ၇၀ ပြည့်ခဲ့ပြီး လာမည့် ဧပြီလ ၂၁ ရက်နေ့တွင် သက်တော် ၉၆ နှစ် ပြည့်မည်ဖြစ်သည်။
ဘုရင်မကြီးအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်သလို ထပ်ဆောင်းအားဖြည့်ဆေးလည်း ထိုးထားပြီး ဖြစ်ကြောင်း နန်းတော်က ထုတ်ပြန်သည်။ လာမည့်သီတင်းပတ်အတွင်း ဝင်ဆာရဲတိုက်တွင် ပေါ့ပါးသောတာဝန်များ ဆက်လက်ဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဘုရင်မကြီးသည် ဆေးဝါးကုသမှု ဆက်လက်ခံယူသွားမည် ဖြစ်သလို သင့်တော်သည့် လမ်းညွှန်ချက်များကိုလည်း လိုက်နာသွားမည်ဟု” နန်းတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခုလ အစောပိုင်းကလည်း ဘုရင်မကြီး၏ သားကြီးဖြစ်သော အသက် ၇၃ နှစ်အရွယ် ချားလ်မင်းသားနှင့် ၇၄ နှစ်အရွယ် ချွေးမဖြစ်သူ ကွန်ဝေါမြို့စား ကမ်မီလာတို့သည်လည်း ကိုဗစ်ကူးစက်မှု ခံခဲ့ရသည်။
အဲလစ်ဇဘက်ဘုရင်မကြီးသည် ပြီးခဲ့သည့် နှစ်တွင် လမ်းလျှောက်ရာ၌ လက်ကိုင်တုတ် အကူအညီဖြင့် သွားလာသည်ကို တွေ့မြင်ခဲ့ရသလို ပြီးခဲ့သည့် အောက်တိုဘာလကလည်း လန်ဒန်ဆေးရုံကြီး၌ ဆေးစစ်မှုခံယူရန် တစ်ညတာ တက်ရောက်ခဲ့သည်။