- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရုရှားစစ်သားများ အစုလိုက်အပြုံလိုက် သေဆုံးရမှုသည် မိုဘိုင်းဖုန်း ခိုးသုံးမှုများကြောင့်ဟု ထုတ်ပြန်
ဇန်နဝါရီလ ၁ ရက်နေ့က ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားတို့ သိမ်းပိုက်ထားသည့် ဒွန်းညက်ဒေသ၌ ရုရှားစစ်သားများ ယာယီစခန်းချထားသည့် နေရာသို့ ယူကရိန်းဘက်က ဒုံးကျည်လေးစင်း ပစ်ခတ်ထိမှန်ခဲ့သဖြင့် ရုရှားစစ်မှုထမ်း ၈၉ ဦး သေဆုံးခဲ့သည်။
04 Jan 2023

ဓာတ်ပုံ - Reuters
ယူကရိန်းတို့ပစ်ခတ်မှုကြောင့် ရုရှားစစ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုသည် စစ်သားများ၏ မိုဘိုင်းဖုန်းသုံးစွဲမှုများကြောင့် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့က ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားတို့ သိမ်းပိုက်ထားသည့် ဒွန်းညက်ဒေသ၌ ရုရှားစစ်သားများ ယာယီစခန်းချထားသည့် နေရာသို့ ယူကရိန်းဘက်က ဒုံးကျည်လေးစင်း ပစ်ခတ်ထိမှန်ခဲ့သဖြင့် ရုရှားစစ်မှုထမ်း ၈၉ ဦး သေဆုံးခဲ့သည်။
တရားဝင်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်သော်လည်း အဓိကအကြောင်းရင်းမှာ စစ်သားများသည် မိုဘိုင်းဖုန်းများကို ခိုးသုံးနေကြခြင်းကြောင့် ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
“ဤအချက်ကြောင့် ရန်သူတို့ ခြေရာခံမိပြီး ဒုံးကျည်ဖြင့်ပစ်ခတ်ရန်အတွက် စစ်သားတို့၏ တည်နေရာများကို ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရုရှားအရေး ထောက်ခံအားပေးသူ အချို့က ယခုကဲ့သို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမျက်ဒေါသထွက်မှုများ ရှိလာခဲ့ပြီးနောက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဘက်က ယခုကဲ့သို့ ထုတ်ပြန်ပြောကြားလာခြင်း ဖြစ်သည်။
တိုက်ခိုက်မှုတွင် ယူကရိန်းတို့သည် အမေရိကန်က ထောက်ပံ့ထားသည့် ဟိုက်မားဒုံးကျည်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ရုရှားစစ်ဘက်က ပြောကြားထားသည်။
“ယူကရိန်းစစ်တပ်သည် ယူကရိန်းနယ်မြေထဲတွင် ရှိနေသော ရုရှားစစ်တပ်၏ လက်နက်ရုံများကို ပစ်ခတ်ခဲ့သည်ဟု” သိထားကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောကြားထားသည်။