- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ယူကရိန်းစစ်ကို ဦးဆောင်ရန် ဗိုလ်ချုပ်အသစ်တစ်ဦး ရုရှားခန့်အပ်
တိုက်ပွဲများတွင် တောက်လျှောက်အရေးနိမ့်နေပြီး နယ်မြေဆုတ်ခွာပေးရမှုများရှိနေသည့် ယူကရိန်းစစ်ပွဲကို ဦးဆောင်ရန်အတွက် ကရင်မလင်က ဗိုလ်ချုပ်ကြီးတစ်ဦးကို စနေနေ့တွင် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Oct 2022
ဓာတ်ပုံ - Foreign Affairs
DMG ၊ အောက်တိုဘာ ၉
တိုက်ပွဲများတွင် တောက်လျှောက်အရေးနိမ့်နေပြီး နယ်မြေဆုတ်ခွာပေးရမှုများရှိနေသည့် ယူကရိန်းစစ်ပွဲကို ဦးဆောင်ရန်အတွက် ကရင်မလင်က ဗိုလ်ချုပ်ကြီးတစ်ဦးကို စနေနေ့တွင် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး ဆာဂေဆူရိုဗစ်ကင်အား အထူးစစ်ဆင်ရေးဒေသရှိ ပူးတွဲစစ်အင်အားစုများ၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
ကရင်မလင်က ရုရှားတို့ထာဝရရှိနေမည်ဟု ကြေညာခဲ့သည့် ဒေသများတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရုရှားတပ်များကို ယူကရိန်းတို့ တိုက်ထုတ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဗိုလ်ချုပ်ကြီးအသစ် ခန့်အပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
စနေနေ့အစောပိုင်းတွင်လည်း ရုရှားတို့သိမ်းပိုက်ထားသည့် ကရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားအကြား တစ်ခုတည်းသော ကုန်းလမ်းကြောင်းဖြစ်သော ကက်ချ်တံတားပေါ်တွင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကာ အကြီးအကျယ် ပျက်စီးခဲ့သည်။ အဆိုပါတံတားပျက်စီးမှုသည် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလိုင်းအတွက် အကြီးအကျယ် ပြဿနာတစ်ရပ်လည်းဖြစ်သည်။
အသစ်ခန့်အပ်လိုက်သော ဗိုလ်ချုပ်ကြီးဆူရိုဗစ်ကင်သည် အသက် ၅၅ နှစ်ရှိပြီဖြစ်ကာ ဆိုက်ဘေးရီးယားဒေသ နိုဗိုစီဘက်ဒေသတွင် မွေးဖွားခဲ့သူဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဆူရိုဗစ်ကင်သည် ၁၉၉၀ အလွန်ကာလများတွင် တာဂျစ်ကစ္စတန်နှင့် ချေချင်းညှာ ပဋိပက္ခများတွင် တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်သလို ၂၀၁၅ ခုနှစ်တွင် မော်စကိုက ပါဝင်စွက်ဖက်ခဲ့သည့် ဆီးရီးယားပဋိပက္ခ အတွေ့အကြုံများလည်း ရှိထားသူဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။