- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ရုရှားအတွက် ပါလီမန်တွင် သူလျှိုလုပ်မှုဖြင့် ဂျာမန်တစ်ဦးကို တရားစွဲ
ဂျာမနီပါလီမန် အဆောက်အအုံ ဖွဲ့စည်းပုံဒီဇိုင်းအား ရုရှားထောက်လှမ်းရေးသို့ ပေးပို့ခဲ့သည်ဟု သံသယရှိသူတစ်ဦးအား တရားစွဲဆိုထားကြောင်း ဂျာမနီအစိုးရရှေ့နေများက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ယခုဖြစ်ရပ်သည် ဂျာမနီနှင့် ရုရှားအကြား တင်းမာနေသည့် အခြေအနေအား ပိုမိုဆိုးဝါးလာစေမည့် သဘောရှိသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Feb 2021

သူလျှိုလုပ်မှုဖြင့် တရားစွဲဆိုခံထားသူသည် ပါလီမန်အဆောက်အအုံအတွင်း လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းစစ်ဆေးရေးအတွက် ဆက်တိုက် စာချုပ်ချုပ်ဆို လုပ်ကိုင်လာသည့် ကုမ္ပဏီတစ်ခုတွင် ဝင်ရောက် အမှုထမ်းနေသော ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်သည်။
“သူက ပါလီမန်အဆောက်အအုံ ဖွဲ့စည်းပုံ PDF ဖိုင်တွေကို ဘာလင်မှာရှိတဲ့ ရုရှားသံရုံးဝန်ထမ်း တစ်ယောက်ဆီ ပို့ခဲ့တယ်။ အဲဒီဝန်ထမ်းဟာ ရုရှား စစ်ထောက်လှမ်းရေး အဖွဲ့ GRU အတွက် အဓိက လုပ်ပေးနေတဲ့သူ။” ဟု အစိုးရရှေ့နေများက ပြောသည်။
ရုရှားအတိုက်အခံခေါင်းဆောင် အယ်လက်ဆီနာဗာနီ ကိစ္စနှင့် ပတ်သက်ပြီး ဘာလင်နှင့်မော်စကိုအကြား ဆက်ဆံရေး မကြေမလည်ဖြစ်နေချိန်၌ ယခုဖြစ်ရပ် ပေါ်ထွက်လာခြင်းဖြစ်သည်။
အနောက်နိုင်ငံများက ရုရှားအစိုးရသည် အတိုက်အခံခေါင်းဆောင် နာဗာနီအား နိုဗီချော့အဆိပ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားသည်။ အဆိပ်သင့်ခဲ့သူ နာဗာနီသည် ဘာလင်တွင် ဆေးကုသမှုခံယူပြီးနောက် ပြီးခဲ့သည့်လက မော်စကိုသို့ ပြန်သွားခဲ့ကာ မော်စကိုသို့ ရောက်ရောက်ချင်း လေဆိပ်တွင် အဖမ်းခံခဲ့ရသည်။