- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဒီဇယ်ရထားအားလုံးကို ကာဗွန်ထုတ်လွှတ်မှုမရှိသော စက်ခေါင်းများနှင့် တောင်ကိုရီးယား အစားထိုးမည်
ကမ္ဘာ့သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦ ကဏ္ဍတွင် ရှေ့တန်းကဦးဆောင်သည့် နိုင်ငံဖြစ်ရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှုမရှိသောနိုင်ငံအဖြစ် ပြောင်းလဲရန် ဦးတည် ဆောင်ရွက်လျက်ရှိသည့် တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ဒီဇယ်ရထားစက်ခေါင်းအားလုံးကို ကာဗွန် ထုတ်လွှတ်မှုနည်းပါးသော ကျည်ဆံရထားများနှင့် အစားထိုးတော့မည် ဖြစ်သည်။
07 Jan 2021

တောင်ကိုရီးယားနိုင်ငံသည် New Deal အစီအစဉ်အရ လုံခြုံစိတ်ချရသည့် ခေတ်မီ သယ်ယူပို့ဆောင် ရေးစနစ်တွင် တီထွင်ဆန်းသစ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည် မွေးဖွားတော့မည်ဖြစ်သည်ဟု ဂန်ဝန် ပြည်နယ်၊ ဝန်းဂျူမှ မြောက်ပိုင်း ချန်ချွန်း ပြည်နယ်၊ အင်ချွန်းသို့ ထွက်ခွာမည့် လျှပ်စစ်ရထားတွဲ KTX-Eum (Electric Multiple Unit) ပေါ် မလိုက်ပါခင် သမ္မတမွန်း၏ တနင်္လာနေ့က ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယား မီဒီယာ Pulse ကဖော်ပြထားသည်။
တောင်ကိုရီးယား၏ ပထမဆုံး လျှပ်စစ်ရထားဖြစ်သည့် KTX-Eum တွင် တစ်တွဲချင်း မောင်းနှင်နိုင်သည့် လူစီးရထားတွဲများ ပါဝင်ပြီး မောင်းနှင်နေစဉ် အချို့စက် အစိတ်အပိုင်းများ ချို့ယွင်းသွားလျှင်ပင် တည်ငြိမ်စွာ လည်ပတ်မောင်းနှင်နိုင်မည်ဖြစ်သည်။ ကျည်ဆံရထားသည် ဒီဇယ်လောင်စာသုံး ရထား များ၏ ကာဗွန်ထုတ်လွှတ်မှု ၇၀ ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်မည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်မတိုင်မီ မြန်နှုန်းမြင့်ရထားလမ်း၊ ရထားလမ်း ကွန်ရက်များ တည်ဆောက်ရန်နှင့် မြို့ကြီးများတွင် ရထားလမ်းစီမံကိန်းများကို တိုးမြင့်ဆောင်ရွက်ရန် တောင် ကိုရီးယားဝမ် ၇၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်အထိ ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း သမ္မတမွန်းက ဆိုသည်။