- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ တရုတ်တန်းတွင် သက်ကြီးပိုင်းအာရှနွယ်ဖွားများ တိုက်ခိုက်ခံရမှု စိုးရိမ်မှုမြင့်တက်
ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ တရုတ်တန်းတွင် သက်ကြီးရွယ်ကြီး အာရှနွယ်ဖွားများ အကြမ်းဖက်ခံရမှု အများအပြား ဖြစ်ပွားပြီးနောက် ရဲကင်းလှည့်မှုများ ပိုမိုတိုးမြှင့်လာပြီး စေတနာ့ဝန်ထမ်းများ သည်လည်း လမ်းမများတွင် ကင်းစောင့်နေရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Feb 2021

ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ တရုတ်တန်းတွင် သက်ကြီးရွယ်ကြီး အာရှနွယ်ဖွားများ အကြမ်းဖက်ခံရမှု အများအပြား ဖြစ်ပွားပြီးနောက် ရဲကင်းလှည့်မှုများ ပိုမိုတိုးမြှင့်လာပြီး စေတနာ့ဝန်ထမ်းများ သည်လည်း လမ်းမများတွင် ကင်းစောင့်နေရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့တာဝန်ရှိသူများကလည်း ဒေသခံများ၏ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် အကြမ်းဖက်မှုကို ရှုတ်ချပြစ်တင်ရန် ဆန်ဖရန်စစ္စကိုနှင့် အော့ကလန်ရှိ တရုတ်တန်းများသို့ ယခုရက်သတ္တပတ်အတွင်း လာရောက်ခဲ့သည်။ တာဝန်ရှိသူများသည် ကိုရိုနာ ဗိုင်းရပ်စ်ကပ် ရောဂါ စတင်စဉ်ကတည်းက တငွေ့ငွေ့ လောင်ကျွမ်းနေသော ပြဿနာတစ်ခုကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း ဗီဒီယိုတွင် အကြောင်းမဲ့ တိုက်ခိုက်မှုနှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အင်တာနက်တွင် အလွန်အမင်း ကျယ်ပြန့်ခဲ့ပြီး အုံကြွမှုအသစ်ကို ဖြစ်ပွားစေခဲ့သည်။
ဗီဒီယိုတစ်ခုတွင် လူငယ်တစ်ဦးက Vicha Ratanapakdee ဆိုသူကို ဆန်ဖရန်စစ္စကိုရှိ အန်ဇာဗစ်စတာ အနီးဝန်းကျင်တွင် မနက်ပိုင်း လမ်းလျှောက်နေစဉ် လမ်းပေါ်သို့ တွန်းပစ်ခဲ့သည်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင်မြင်တွေ့ခဲ့ရသည်။ အသက် ၈၄ နှစ်အရွယ် ထိုင်းလူမျိုးအမျိုးသားသည် စင်္ကြံနှင့် ဦးခေါင်းရိုက်မိခဲ့ပြီး နောက်နှစ်ရက်အတွင်း ဆေးရုံတွင် ဆုံးခဲ့သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က လုံခြုံရေးကင်မရာတစ်ခုတွင်လည်း အော့ကလန်တရုတ်တန်းတွင် ခေါင်းစွပ်အင်္ကျီတစ်ခု ဝတ်ဆင်ထားသူတစ်ဦးက အသက် ၉၁ နှစ်အရွယ် အာရှအမျိုးသား တစ်ဦးကို တွန်းတိုက်သွားသည်ကို တွေ့ရသည်။ ထိုအမျိုးသားမှာ စက်ဘီးများအပေါ် ပြုတ်ကျရန် သီသီလေးလွဲပြီး လူသွားစင်္ကြံကို မှောက်လျက်လဲကျခဲ့ရသည်။ ရဲများက သံသယရှိသူကို ဖမ်းဆီးခဲ့ပြီးနောက် သူသည် ထိုနေ့နှောင်းပိုင်းက ထိုဘလောက်တွင်ပင် စုံတွဲတစ်တွဲကို ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နောက်တစ်ခု ထပ်မံ ကျူးလွန်ခဲ့ကြောင်း သိခဲ့ရသည်။
အာဏာပိုင်များသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်းမှာ အော့ကလန်တရုတ်တန်းအနီးတွင် အာရှနွယ်ဖွားအမေရိကန်များကို ကျူးလွန်သည့်ရာဇဝတ်မှု ၁၈ မှုကို ဗီဒီယိုမှတ်တမ်းယူ နိုင်ခဲ့ကြောင်း Alameda County ခရိုင်ရှေ့နေချုပ် Nancy O’Malleyက အေပီသို့ ပြောကြားခဲ့သည်။