- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
ဖိလစ်ပိုင်တွင် ဒူတာတေ၏သမီး ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
ဖိလစ်ပိုင်နိုင်ငံတွင် ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဒူတာတေ၏ သမီးဖြစ်သူ ဆာရာဒူတာတေကာပီယိုသည် နိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jun 2022

DMG ၊ ဇွန် ၂၀
ဖိလစ်ပိုင်နိုင်ငံတွင် ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဒူတာတေ၏ သမီးဖြစ်သူ ဆာရာဒူတာတေကာပီယိုသည် နိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ရှေ့လာမယ့်နေ့ရက်တွေကတော့ ကျွန်မတို့ တစ်နိုင်ငံလုံး ညီညွတ်ဖို့လိုအပ်တဲ့ စိန်ခေါ်မှုအပြည့်နဲ့ နေ့တွေဖြစ်နိုင်ပါတယ်” ဟု သူမက ဒါဗာအိုတွင် ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ဆာရာဒူတာတေသည် သူမ၏ မွေးရပ်မြို့ ဒါဗာအိုတွင် မိဘနှစ်ပါးနှင့်အတူ ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၄ နှစ်အရွယ် ဒူတာတေကာပီယိုသည် ဖာဒီနန်မားကို့စ်(အငယ်) နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မားကို့စ်သည် ဖိလစ်ပိုင်သမ္မတအဖြစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျမ်းကျိန်ပြီး ရာထူးတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်သည်။
ဒူတာတေကာပီယိုနှင့် မားကို့စ်(အငယ်) တို့သည့် ဖိလစ်ပိုင်တွင် ဆယ်စုနှစ်များစွာအတွင်း မရှိဖူးသေးသည့် အကြီးအကျယ်မဲနိုင်မှုမျိုး ရရှိခဲ့သည်။