စင်ကာပူတွင် မတ်လနောက်ပိုင်း ပ ဉ္စမမြောက်အဖြစ် မူးယစ်ဆေးအမှုဖြင့် တရားစွဲဆိုခံထားရသူ တစ်ဦးကို သေဒဏ်ပေး

စင်ကာပူနိုင်ငံတွင် မတ်လနောက်ပိုင်း ငါးကြိမ်မြောက် ကွပ်မျက်မှုအဖြစ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားစွဲဆိုခံထားရ သူတစ်ဦးအား သောကြာနေ့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ သက်ညှာမှုအတွက် လျှောက်လဲခဲ့သော်လည်း တရားရုံးက နောက်ဆုံးအယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။

23 Jul 2022

ဓာတ်ပုံ - Bloomberg

DMG ၊ ဇူလိုင် ၂၃

စင်ကာပူနိုင်ငံတွင် မတ်လနောက်ပိုင်း ငါးကြိမ်မြောက် ကွပ်မျက်မှုအဖြစ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားစွဲဆိုခံထားရ သူတစ်ဦးအား သောကြာနေ့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ သက်ညှာမှုအတွက် လျှောက်လဲခဲ့သော်လည်း တရားရုံးက နောက်ဆုံးအယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။

ဧပြီလအတွင်းက စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတစ်ဦးအား ကွပ်မျက်ခြင်းအပါအဝင် ရုတ်ချည်းပေါ်ပေါက်လာခဲ့သော ကြိုးဆွဲချသေဒဏ်ပေးမှုများက စင်္ကာပူနိုင်ငံအား သေဒဏ်ဖျက်သိမ်းရန် အ တွက် လှုံ့ဆော်ပေးသည့် တောင်းဆိုမှုများကို ကြီးထွားလာစေခဲ့သည်။

သို့သော် ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအချို့ရှိသည့် စင်ကာပူမြို့ပြနိုင်ငံက သေဒဏ်ပေးခြင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအား ထိရောက်စွာ အဟန့်အတားဖြစ်နေဆဲဟု အခိုင်အမာဆိုသည်။

စင်္ကာပူနိုင်ငံသား နာဇီရီလဂျင်ကို သောကြာနေ့တွင် အကျဉ်းထောင်၌ ကွပ်မျက်ခဲ့ကြောင်း အကျဉ်းထောင်ဝန်ဆောင်မှုဌာနက အေအက်ဖ်ပီသတင်းဌာနသို့ ပေးပို့သော ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါအသက် ၆၄ နှစ်အရွယ် အမျိုးသားသည် မှောင်ခိုကူးရန် ရည်ရွယ်ချက်ဖြင့် ဘိန်းဖြူ ၃၃ ဂရမ် (၁.၁ အောင်စ) ကျော်ကို လက်ဝယ်ထားရှိမှုဖြင့် ၂ဝ၁၇ ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း စင်ကာပူမူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအေဂျင်စီက ပြောသည်။

"ထိုပမာဏသည် မူးယစ်ဆေးစွဲနေသူ ၄ဝဝ ခန့်အတွက် တစ်ပတ်ကြာ သုံးစွဲရန်" လုံလောက်သည်ဟု အေဂျင်စီက ဖြည့်စွက်ပြောကြားသည်။

သေဒဏ်ကို ဆိုင်းငံ့ထားပေးရန် နာဇီရီကိုယ်တိုင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ထွက်ဆိုခဲ့သည့် နောက်ဆုံးအသနားခံချက်ကို အယူခံမှုများဆိုင်ရာ တရားရုံးတစ်ရုံးက ပယ်ချခဲ့သည်။

ဗီဒီယိုများ