- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ရှင်ကျန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေကို အီးယူဒဏ်ခတ်မှု သက်တမ်းထပ်တိုးမယ်
တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်းဒေသမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်အရာရှိတွေကို ဥရောပသမဂ္ဂက နောက်ထပ်တစ်နှစ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
24 Nov 2022
.jpg)
ဥရောပကော်မရှင်ဥက္ကဋ္ဌ Urusla von der Leyen စတန်းဘာဂျ့်တွင် ပါလီမန်သို့ မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - Reuters
DMG | နိုဝင်ဘာ ၂၄
တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်းဒေသမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်အရာရှိတွေကို ဥရောပသမဂ္ဂက နောက်ထပ်တစ်နှစ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
၂၀၁၉ ခုနှစ် မတ်လတုန်းက လူပုဂ္ဂိုလ် ၄ ဦးနဲ့ အဖွဲ့အစည်းတစ်ခု အပေါ် ပိတ်ဆို့အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့ပြီး ဒေသတွင်းလူ့အခွင့် အရေးအခြေအနေတွေရဲ့ တိုးတက်မှုတွေကို အီးယူကစောင့်ကြည့်နေပါ တယ်။ ဒါကြောင့်လည်း အဲဒီပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းကို ပိတ်ဆို့အရေး ယူမှုနဲ့ပတ်သက်ပြီး သက်တမ်းတိုးနိုင်ဖွယ်ရှိတယ်လို့ သံတမန်ရင်းမြစ်တွေက ပြောပါတယ်။
အခုအရေးယူပိတ်ဆို့မှုတွေက ၁၉၈၉ တိန့်အန်မင်အကြမ်းဖက်ဖြိုခွင်းမှု နောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်အရာရှိတွေကို အစုလိုက်အပြုံလိုက် ပစ်မှတ်ထားအရေးယူမှုပါပဲ။
တရုတ်နိုင်ငံဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြီး အီးယူအပေါ် သံတမန်တွေ၊ အရာရှိတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေ အပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦး နဲ့ အဖွဲ့အစည်း ၄ ဖွဲ့အပေါ် အရေးယူပိတ်ဆို့ ခဲ့ပါတယ်။
အီးယူသံတမန်တစ်ဦးကတော့ အစီရင်ခံစာတစ်စောင်ကို ထောက်ပြပြီး တရုတ်အစိုးရရဲ့လုပ်ရပ်တွေက နိုင်ငံတကာရာဇဝတ်ပြစ်မှုတွေ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ပစ်မှတ်ထားအရေးယူမှုတွေက ဆက်ပြီးတည်ရှိနေဦးမှာဖြစ်ပေမယ့် ဥပဒေဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။
အရေးယူပိတ်ဆို့ ဒဏ်ခတ်ခံထားရတဲ့ တရုတ်အရာရှိ ၄ ဦးက ရှင်ကျန်းပြည်နယ် အူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ Zhu Hailun ၊ တိဗက်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Wang Junzheng ၊ ရှင်ကျန်းပြည်နယ် အူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ နိုင်ငံရေးနဲ့ဥပဒေရေးရာ ကော်မရှင်အတွင်းရေးမှူး Wang Mingshan နဲ့ ရှင်ကျန်းပြည်နယ် ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ဒါရိုက်တာ Chen Mingguo တို့ဖြစ်ကြပါတယ်။