- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အရပ်သားသီးသန့် လိုက်ပါစီးနင်းမည့် SpaceX အာကာသယာဉ် ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်
Elon Musk ကုမ္ပဏီ၏ အာကာသအပန်းခြေ ခရီးစဉ် တစ်ခုအား အရပ်သားလေးဦးဖြင့် ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 Sep 2021

DMG ၊ စက်တင်ဘာ ၁၄
Elon Musk ကုမ္ပဏီ၏ အာကာသအပန်းခြေ ခရီးစဉ် တစ်ခုအား အရပ်သားလေးဦးဖြင့် ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
SpaceX အာကာသခရီးစဉ်ကို အမေရိကန်ဘီလျံနာ Jared Isaacman က စင်းလုံးငှားထားခြင်း ဖြစ်သည်။ Jared Isaacman ကိုယ်တိုင်သည်လည်း အတွေ့အကြုံရှိသော လေယာဉ်မှူးတစ်ဦး ဖြစ်သည်။
SpaceX သို့ ပေးချေခဲ့သည့် ကျသင့်ပေးပမာဏကို ထုတ်ပြန်ခြင်းမရှိသော်လည်း ဒေါ်လာသန်းပေါင်း ဆယ်ဂဏန်းများစွာ ရှိနိုင်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာပတ်လမ်းကြောင်းတွင် သုံးရက်ကြာမြင့်မည့် ယခုခရီးစဉ်အတွင်း လိုက်ပါရန် ရွေးချယ်ထားသူ နောက်သုံးဦးမှာ အသက် ၂၉ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး၊ ၄၂ နှစ်အရွယ် အမေရိကန်လေတပ်အငြိမ်းစား အမျိုးသားတစ်ဦးနှင့် ၅၁ နှစ်အရွယ် ပထဝီပါမောက္ခ အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။
“လုံးဝ အန္တရာယ်မရှိဘူး လို့တော့ ပြောလို့မရပါဘူး” ဟု အသက် ၃၈ နှစ်အရွယ် Isaacman က Netflix မှတ်တမ်းရုပ်ရှင်တစ်ခုတွင် ဖြေကြားထားသည်။
“တစ်နာရီကို ၁၇၅၀၀ မိုင်နှုန်းနဲ့ ပြေးနေတဲ့ ဒုံးပျံနဲ့ ကမ္ဘာပတ်နေတာလေ။ အဲဒီလိုအနေအထားမျိုးမှာ အရဲစွန့်ရမှုတော့ ရှိတာပေါ့။” ဟု သူကဆိုသည်။
SpaceX သည် ယခင်ကလည်း အာကာသယာဉ်မှူး ၁၀ ဦးထက်မနည်းကို နာဆာအဖွဲ့ကိုယ်စား နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်အာကာသယာဉ်မှူးမပါဘဲ လွှတ်တင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။