- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဆူဒန်တွင် အာဏာသိမ်းစစ်တပ်က ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်ဟမ်းဒေါ့ ရာထူးမှုနုတ်ထွက်
စစ်တပ်က အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံ၌ အရပ်သားဝန်ကြီးချုပ် အဗ္ဗဒါလာဟမ်းဒေါ့သည် တနင်္ဂနွေနေ့တွင် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Jan 2022

DMG ၊ ဇန်နဝါရီ ၃
စစ်တပ်က အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံ၌ အရပ်သားဝန်ကြီးချုပ် အဗ္ဗဒါလာဟမ်းဒေါ့သည် တနင်္ဂနွေနေ့တွင် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်လအကြာ၌ ဆန္ဒပြသူများအား သေလောက်သည်အထိ နှိမ်နင်းမှု ထပ်မံဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ရာထူးမှနုတ်ထွက်သွားခြင်း ဖြစ်သည်။
ဆူဒန်တွင် ၂၀၁၉ ခုနှစ်က အာဏာရှင် အိုမာအာလ်-ဘာရှီယာအား ဖြုတ်ချကာ အရပ်သားအုပ်ချုပ်ရေး လမ်းကြောင်းကို စတင်ခဲ့သည့် အချိန်မှစ၍ နိုင်ငံတစ်ဝန်းတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ်ဖာတာ အယ်လ်ဘာဟန်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သည်။
အာဏာသိမ်းမှုနှင့်အတူ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရသော်လည်း ဝန်ကြီးချုပ် ဟမ်းဒေါ့ကို မူလဝန်ကြီးချုပ်ရာထူး ပြန်လည်အပ်နှင်းကာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန်လည်း သဘောတူညီမှု ရရှိခဲ့သည်။ သို့သော် ဒေသတွင်းမီဒီယာများကမူ ဟမ်းဒေါ့အား ရုံးတွင် ရက်ပေါင်းများစွာ မမြင်တွေ့ရကြောင်း ဖော်ပြခဲ့ကြသလို ရာထူးမှနုတ်ထွက်မည့် ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။
“နိုင်ငံ ပျက်စီးလုနီးပါး ဖြစ်နေတာကို တားဆီးဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့ညပိုင်းက ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ဟမ်းဒေါ့က ပြောကြားသည်။
ဆူဒန်နိုင်ငံသည် နိုင်ငံဆက်လက် အသက်ရှင်ရပ်တည်ရေးအတွက် အန္တရာယ်များသည့် လမ်းခွဲတစ်ရပ်ကို ကျော်ဖြတ်နေသည်ဟုလည်း သူက ပြောသည်။
ဆူဒန်၌ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အကြီးအကျယ် ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်လျက်ရှိပြီး လူထုကလည်း နိုင်ငံကို ဒီမိုကရေစီ အပြည့်အဝရရှိရေး လမ်းညွှန်သွားမည်ဟု ကတိပေးသည့် အာဏာသိမ်းဗိုလ်ချုပ်ကြီး ဘာဟန်၏ ကတိစကားအပေါ် ယုံကြည်မှုမရှိကြပေ။