- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
- ပူတင်ကို 'သိပ်စိတ်ပျက်မိတယ်' ဟု ထရမ့်ပြော
ဆူမားတြားကျွန်းဆွယ်မှာ ၆.၁ မဂ္ဂနီကျူ့ရှိသည့် ငလျင်လှုပ်ခတ်
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ် ကမ်းလွန်တွင် ယနေ့အစောပိုင်းက ၆.၁ မဂ္ဂနီကျူ့ပြင်းအားရှိသည့် ငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ဘူမိရူပအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလှုပ်ခတ်မှုသည် တနင်္လာနေ့တစ်ရက်တည်းတွင် တတိယအကြိမ် လှုပ်ခတ်မှုလည်း ဖြစ်သည်။
31 Aug 2022

DMG ၊ သြဂုတ် ၃၁
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ် ကမ်းလွန်တွင် ယနေ့အစောပိုင်းက ၆.၁ မဂ္ဂနီကျူ့ပြင်းအားရှိသည့် ငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ဘူမိရူပအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလှုပ်ခတ်မှုသည် တနင်္လာနေ့တစ်ရက်တည်းတွင် တတိယအကြိမ် လှုပ်ခတ်မှုလည်း ဖြစ်သည်။
အဆိုပါဒေသတွင် တနင်္လာနေ့အစောပိုင်း၌ ၅.၂ မဂ္ဂနီကျူ့ပြင်းအားရှိသည့် ငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ၅.၄ မဂ္ဂနီကျူ့ပြင်းအားဖြင့် ထပ်မံလှုပ်ခတ်ခဲ့သည်။ ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် ၆.၁ အင်အားဖြင့် ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဆူမားတြားအနောက်ဘက်ကမ်းခြေတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိဟု အစိုးရ၏ မိုးလေဝသနှင့် ဘူမိရူပအေဂျင်စီ (BMKG) က ထုတ်ပြန်သည်။
၆.၁ အင်အားဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင်အား မန်တာဝေကျွန်းစုရှိ ဒေသခံများ၊ ခရိုင်မြို့တော် ပဒန်နှင့် ဘူကီတင်ဂီ တောင်တန်းဒေသတစ်ဝိုက်တွင် စက္ကန့်အတန်ကြာအောင် ပြင်းပြင်းထန်ထန် ခံစားသိရှိခဲ့ကြကြောင်း အေဂျင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
လူသေကြေဒဏ်ရာရရှိမှုသတင်းများ မရှိသော်လည်း ဆီဘာရုကျွန်းတွင် အဆောက်အအုံအချို့ အသေးစားထိခိုက်မှုများရှိသည်ဟုလည်း BMKG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန်တာဝေကျွန်းစုရှိ ကျေးရွာအများအပြားတွင် ဒေသခံများသည် ပိုမြင့်သည့် တောင်ကုန်းများသို့ တိမ်းရှောင်ခဲ့ကြသလို ဒေသခံဘုရားကျောင်း၊ စာသင်ကျောင်းနှင့် ကျန်းမာရေးအဆောက်အအုံများသည်လည်း အနည်းအကျဉ်း ပျက်စီးခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်က မြို့တော်ပဒန်တွင် ရ.၆ မဂ္ဂနီကျူ့ရှိသည့် ငလျင်တစ်ရပ် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၁၀၀ သေဆုံးကာ အဆောက်အအုံ အများအပြား ပျက်စီးခဲ့သလို လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းဟု ခေါ်ကြသည့် မတူညီသည့်မြေလွှာများ ထိတွေ့ပြီး မကြာခဏဆိုသလို ငလျင်လှုပ်ခတ်လေ့ရှိသည့် ဒေသတွင် ခွလျက်တည်ရှိသည်။