- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
ထိုင်းမှာ အိုမီခရွန်ကူးစက်မှု ၂ ထောင်ကျော်အထိ မြင့်တက်လာ
ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ လက်ရှိအချိန်အထိ အိုမီခရွန်ကူးစက်မှု စုစုပေါင်းသည် ၂၀၆၂ အထိရှိထားပြီး ကိုဗစ်ကူးစက်မှုအားလုံး၏ ၁၉.၀၈ ရာခိုင်နှုန်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၅ ရက်နေ့က ဖော်ပြထားသည်။
05 Jan 2022

ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ လက်ရှိအချိန်အထိ အိုမီခရွန်ကူးစက်မှု စုစုပေါင်းသည် ၂၀၆၂ အထိရှိထားပြီး ကိုဗစ်ကူးစက်မှုအားလုံး၏ ၁၉.၀၈ ရာခိုင်နှုန်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၅ ရက်နေ့က ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်ကူးစက်မှု စုစုပေါင်း ၃၈၉၉ ခုအထိ စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးရှိကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ထိုင်းတွင် ကိုဗစ်ကူးစက်မှု စတင်ချိန်မှ လက်ရှိအထိ ကူးစက်မှုစုစုပေါင်း ၂ သန်းကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၂ သောင်းကျော်ရှိသည်။
အိုမီခရွန်ကူးစက်မှုများတွင် ဘန်ကောက်၌ ကူးစက်မှု အမြင့်ဆုံးဖြစ်ကြောင်း ဆေးဝါးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆူပါကစ်ဆီရီလက်က ပြောကြားသည်။
“အိုမီခရွန်ကတော့ မြန်မြန်ကြီးပဲ ကူးစက်ပျံ့နှံ့လာနေပါပြီ။ ရောဂါလက္ခဏာက အရမ်းကြီးတော့ မပြင်းထန်ပါဘူး” ဟု သူကပြောသည်။
နိုင်ငံတွင်း အိုမီခရွန်ကူးစက်မှုသည် တစ်ကျော့ပြန် နာလန်ထူစပြုနေသည့် ထိုင်းစီးပွားရေးကို ထိခိုက်စေသည်အထိ ပြင်းထန်လာနိုင်ခြေ မရှိသေးသော်လည်း လတ်တလောကူးစက်မှုများအရ တိတိပပ မခန့်မှန်းနိုင်သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တွေ့ရှိခဲ့သည့် အိုမီခရွန်မျိုးကွဲသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံထက်မနည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ သိရသည်။