- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာစစ်တပ်ထံ ငွေသားပေးချေမှု တိုတယ်နှင့် ချက်ဗရွန်ကုမ္ပဏီတို့ ဆိုင်းငံ့
မုတ္တမ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရေး ကုမ္ပဏီ အစည်းအဝေးတွင် ချက်ဗရွန် ရှယ်ယာရှင်များနှင့် ပူးတွဲ အဆိုပြုချက်အပြီး၌ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ငွေသားပေးချေမှု အားလုံးကို ဆိုင်းငံ့ထားရန် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း တိုတယ်ကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။
27 May 2021

DMG ၊ မေ ၂၇
မုတ္တမ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရေး ကုမ္ပဏီ အစည်းအဝေးတွင် ချက်ဗရွန် ရှယ်ယာရှင်များနှင့် ပူးတွဲ အဆိုပြုချက်အပြီး၌ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ငွေသားပေးချေမှု အားလုံးကို ဆိုင်းငံ့ထားရန် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း တိုတယ်ကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။
တိုတယ်သည် အကြီးဆုံး ရှယ်ယာရှင်ဖြစ်ကာ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ တိုတယ်၏ နောက်၌ ချက်ဗရွန်က ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်ရှိသော ရှယ်ယာများကို ထိုင်းကုမ္ပဏီ PTTEP နှင့် မြန်မာပိုင် MOGE တို့က ပိုင်ဆိုင်ထားသည်။
“မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား တိုတယ်ကုမ္ပဏီက ရှုတ်ချကြောင်း၊ EU သိုမဟုတ် U.S. အာဏာပိုင်များက ထုတ်ပြန်သည့် သက်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ အပါအဝင် နိုင်ငံတကာနှင့် မိခင်နိုင်ငံ အာဏာပိုင်များက ချမှတ်သည့် မည်သည့် ဆုံးဖြတ်ချက်မျိုးကိုမဆို လိုက်နာမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်” ဟု တိုတယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချက်ဗရွန်၏ ထုတ်ပြန်ချက်၌လည်း “မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းအတွက် မြန်မာလူထု၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တညီတညွတ်တည်း တုံ့ပြန်မှုတစ်ရပ် လိုအပ်လျက်ရှိသည်” ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်နေကြသည့် နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာစစ်တပ်သို့ ငွေပေးချေမှုများ မပြုလုပ်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် စင်ပြိုင်အရပ်သားအစိုးရ NUG တို့၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။