- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ဘင်္ဂလားဒေ့ရှ်မှာ ရထားမတော်တဆမှုကြောင့် ၁၇ ဦးသေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်း ဘိုင်ရက် (Bhairab) မြို့တွင် အောက်တိုဘာလ ၂၃ ရက် တနင်္လာနေ့က ရထားနှစ်စင်း တိုက်မိပြီး ၁၇ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Oct 2023

DMG ၊ အောက်တိုဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်း ဘိုင်ရက် (Bhairab) မြို့တွင် အောက်တိုဘာလ ၂၃ ရက် တနင်္လာနေ့က ရထားနှစ်စင်း တိုက်မိပြီး ၁၇ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့တော်ဒါကာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာတွင် ရှိသော ဘိုင်ရက်မြို့တွင် တနင်္လာနေ့ ညနေ ၄ နာရီခန့်၌ ကုန်တင်ရထားတစ်စီးက မျက်နှာချင်းဆိုင်မှ ခရီးသည်တင် ရထားတွဲအား တိုက်မိခဲ့ခြင်း ဖြစ်သည်။
“အလောင်း ၁၇ လောင်း ရထားပါတယ်။ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိပါတယ်” ဟု ဘာရက်မြို့နယ် အုပ်ချုပ်ရေးမှူး ဆာဒီကာရာမန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
“သေဆုံးမှုအရေအတွက် ပိုများလာနိုင်ပါတယ်” ဟုလည်း ရာမန်က ပြောသည်။
ချန်နယ်၂၄ သတင်းဌာနက ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု၌ ရထားမတော်တဆမှု ဖြစ်ပွားရာနေရာတွင် လူရာပေါင်းများစွာ ရောက်ရှိနေပြီး အများအပြားမှာလည်း ငိုယိုလျက် ဆွေမျိုးသားချင်းများကို ရှာဖွေနေကြသည်ကို တွေ့ရသည်။
မီးသတ်ဌာန၊ ရဲနှင့် အထူးခြေမြန်တပ်ရင်း အဖွဲ့တို့သည်လည်း အဆိုပါနေရာတွင် ရောက်ရှိနေပြီဖြစ်ကာ မိမိတို့အနေဖြင့် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း စုံစမ်းရန် ညွှန်ကြားထားပြီဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဖြစ်စဉ်အများစုမှာ အချက်ပြမှု မှားယွင်းခြင်း၊ အလေးမထားခြင်း၊ သံလမ်းများ ဟောင်းနွမ်းခြင်းအပြင် ရထားစက်ပိုင်းဆိုင်ရာများ ယိုယွင်းနေခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။