- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
တရုတ်နှင့် ယှဉ်ပြိုင်မှုသာရှိပြီး ပဋိပက္ခမရှိစေရဟု အာဆီယံအစည်းအဝေးမှာ သမ္မတဘိုင်ဒန်ပြော
ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန်အတွက် တရုတ်-အမေရိကန် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်မြဲဖွင့်ထားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်များအား ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
14 Nov 2022

ဓာတ်ပုံ - AFP
DMG ၊ နိုဝင်ဘာ ၁၄
ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန်အတွက် တရုတ်-အမေရိကန် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်မြဲဖွင့်ထားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်များအား ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကမ္ဘောဒီးယားတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တနင်္ဂနွေနေ့က တက်ရောက်လာသည့် သမ္မတဘိုင်ဒန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဘေဂျင်းနှင့် အင်တိုက်အားတိုက် ယှဉ်ပြိုင်မည်ဖြစ်သလို တစ်ချိန်တည်းတွင် ယှဉ်ပြိုင်မှုမှသည် ပဋိပက္ခသို့ ဦးတည်သွားခြင်းမျိုး မဖြစ်စေရဟု အာမခံပြောကြားသည်။
ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ G-20 ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ကာ သမ္မတဘိုင်ဒန်သည် အဆိုပါအစည်းအဝေး မတိုင်မီ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ယခုတွေ့ဆုံမှုသည် သမ္မတဘိုင်ဒန် အာဏာရလာပြီးနောက်ပိုင်း ရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခြင်းလည်း ဖြစ်သည်။
ယခုသီတင်းပတ်အဆုံးတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာရှပစိဖိတ် စီးပွားရေးဖိုရမ် (APEC) ကျင်းပရန်ရှိနေပြီး G-20 နှင့် APEC နှစ်ခုလုံးတွင် ယူကရိန်းစစ်၊ ဥတုရာသီ ပြောင်းလဲမှုအတွက် လုပ်ဆောင်ချက်များ၊ ထိုင်ဝမ်ရေလက်ကြားတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် တင်းမာမှုများ၊ တောင်တရုတ်ပင်လယ်အရေးနှင့် မြောက်ကိုရီးယားအရေးတို့ကို အဓိကဆွေးနွေးကြမည်ဟု ယူဆရသည်။