- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ရေပြင်စစ်ရေးလေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်
အမေရိကန်နှင့် ဖိလစ်ပိုင်တပ်တို့ ပူးပေါင်းဆောင်ရွက်မည့် နှစ်ပတ်ကြာစစ်ရေးလေ့ကျင့်မှုအား အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အရှေ့အာရှတွင် ဝါရှင်တန်နှင့် ဘေကျင်းတို့အကြား တင်းမာမှုများရှိနေချိန်၌ ယခုကဲ့သို့ စစ်ရေးမဟာမိတ်အဖြစ် အားဖြည့် လေ့ကျင့်မှုများ စတင်လိုက်ခြင်းလည်းဖြစ်သည်။
03 Oct 2022

DMG ၊ အောက်တိုဘာ ၃

အဏ္ဏဝါသူရဲကောင်းပူးပေါင်းဆောင်ရွက်မှုဟု အဓိပ္ပာယ်ရသည့် ကာမန်ဒက်လေ့ကျင့်မှုကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကာ အမေရိကန်တပ်သား ၂၅၅၀ နှင့် ဖိလစ်ပိုင်တပ်သား ၅၃၀ တို့ ပါဝင်မည်ဖြစ်သည်။
ကုန်း၊ရေနှစ်သွယ် လေ့ကျင့်မှုအတွင်း ကျွန်းဆွယ်အခြေစိုက် လေ့ကျင့်မှုများ၊ ကျည်အစစ်နှင့် လေ့ကျင့်မှုများအပြင် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ခြင်း လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဟု သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်သော နှစ်ဘက်အပြန်အလှန် ကာကွယ်ပေးရေးစာချုပ် ချုပ်ဆိုထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။
ယခုစစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်နှင့် တောင်ကိုရီးယားတို့လည်း လေ့လာသူများအဖြစ် တက်ရောက်မည်ဖြစ်သည်။