- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
အမေရိကန်နိုင်ငံတစ်ဝန်း နှင်းမုန်တိုင်းကြောင့် အနည်းဆုံး ၃၁ ဦးသေဆုံးပြီး ခရီးသွားလာရေးများ ပြတ်တောက်
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြင်းထန်သည့် ဆောင်းရာသီမုန်တိုင်း တစ်ရပ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၃၁ ဦးရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၆
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြင်းထန်သည့် ဆောင်းရာသီမုန်တိုင်း တစ်ရပ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၃၁ ဦးရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံအရှေ့ပိုင်း ပြည်နယ်များအနက် နေရာအနှံ့၌ ခရစ္စမတ်နေ့ နံနက်ခင်းတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။ ငါးရက်ကြာ တိုက်ခတ်နေခဲ့သည့် မုန်တိုင်းသည် လက်ရှိအချိန်၌ အားပျော့လာသည့် အနေအထား တွေ့နေရပြီဖြစ်သော်လည်း ခရီးသွားလာမှု အများစုမှာ ရပ်ဆိုင်းထားရဆဲ ဖြစ်သည်။
လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာကို ရပ်ဆိုင်းထားရပြီး အများစုမှာ ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေသည့် ၎င်းတို့၏နေအိမ်များထဲတွင် ပိတ်မိလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး မုန်တိုင်းများအနက် တစ်ခုဖြစ်သည့် ယခုမုန်တိုင်းကြောင့် တနင်္ဂနွေနေ့တွင် ရပ်ဆိုင်းထားရသည့် လေယာဉ်ခရီးစဉ်ပေါင်း ၂၄၀၀ ကျော်ရှိကာ စနေနေ့က ၃၅၀၀ ခန့်နှင့် သောကြာနေ့က ၆၀၀၀ ခန့်ရှိခဲ့သည်။
ပြင်းထန်လှသည့် အအေးဒဏ်နှင့် ဆက်စပ်သေဆုံးသူ စုစုပေါင်းမှာ ၃၁ ဦးအထိရှိနေပြီဖြစ်ကာ အရေအတွက်သည် ပိုမြင့်တက်လာနိုင်သေးကြောင်းလည်း အာဏာပိုင်များက သတိပေးထားသည်။
ဓာတ်အားပေးစက်ရုံခွဲ အများအပြားမှာ အေးခဲနေသောကြောင့် အင်္ဂါနေ့အထိ လျှပ်စစ်မီး ပြန်ရနိုင်ဖွယ် မရှိသေးကြောင်း ဘာဖဲလိုးမြို့မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။