- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ဗီယက်နမ်တွင် ၈၉ ရက်အတွင်း ပထမဆုံးပြည်တွင်းကူးစက်မှု တစ်ခုတွေ့
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
02 Dec 2020

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် သူနှင့် ထိတွေ့မှုရှိခဲ့သူများအား လိုက်လံစုံစမ်းနေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမျိုးသားသည် လွန်ခဲ့သောနှစ်ပတ်က ဂျပန်မှရောက်လာပြီး အိမ်တွင်း ကွာရန်တင်းဝင်နေသူ လေကြောင်းဝန်ထမ်းတစ်ဦးထံ အလည်အပတ် သွားရောက်ခဲ့သူဖြစ်သည်။ ထိုဝန်ထမ်းသည် ကိုဗစ်ကူးစက်ခံနေရသည်ကို စနေနေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းကူးစက်မှု မတွေ့ရှိရသည်မှာ ၈၉ ရက်အထိ ကြာမြင့်ခဲ့ပြီးနောက် ယခု ပထမဆုံးလူနာ စတင်တွေ့ရှိရခြင်းဖြစ်သည်။ သူ့ရှေ့ပိုင်းတွင်လည်း ပိုးကူးစက်မှု လုံးဝမရှိပဲ ၉၉ ရက်အထိ ကြာမြင့်ခဲ့ပြီးနောက် ဇူလိုင်လတွင် ဗီယက်နမ်အလယ်ပိုင်း ဒါနန်ရှိ ဆေးရုံတစ်ရုံတွင် ကူးစက်မှုများ အများအပြား စစ်ဆေးတွေ့ရှိခဲ့ရသည်။
ဗီယက်နမ်တွင် လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၁၃၄၇၊ သေဆုံးသူ ၃၅ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၆၄ သန်းရှိပြီး သေဆုံးသူစုစုပေါင်း ၁ သန်းခွဲနီးပါး ရှိနေပြီဖြစ်သည်။