- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ကိုဗစ်ကပ်ဘေးနောက်ပိုင်း ကမ္ဘာကြီးသည် ‘အန္တရာယ်များသော’ မညီမျှမှုကို ဖြေရှင်းရန် ပျက်ကွက်လျက်ရှိဟု Oxfam ပြော
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာ့နိုင်ငံအများစုတွင် မညီမျှမှုအန္တရာယ် တိုးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်လျက်ရှိသည်ဟု ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Oxfam က အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
12 Oct 2022

ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာ့နိုင်ငံအများစုတွင် မညီမျှမှုအန္တရာယ် တိုးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်လျက်ရှိသည်ဟု ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Oxfam က အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါပရဟိတအဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ပထမ ၂ နှစ်အတွင်း မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရများ၏ လုပ်ဆောင်ချက်များနှင့် မူဝါဒများကိုဆန်းစစ်သည့် ၎င်း၏ “မညီမျှမှအညွှန်းကိန်းကို လျှော့ချရန် ကတိကဝတ်” (CRI)၏ တွေ့ရှိချက်များကို ထုတ်ဖော်ပြသခဲ့သည်။
“ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် မညီမျှမှုကို တိုးပွားစေခဲ့ပြီး အဆင်းရဲဆုံးသော သူများသည် ကပ်ရောဂါနှင့် ကပ်ရောဂါကြောင့်ဖြစ်ပွားသော ကြီးမားသည့် စီးပွားရေး သက်ရောက်မှုများကို အပြင်းထန်ဆုံး ခံစားခဲ့ကြရသည်”ဟု ၂ နှစ်တစ်ကြိမ် ပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကမ္ဘာ့အစိုးရအများစုသည် ထိုအန္တရာယ်ရှိသည့် မညီမျှမှုမြင့်တက်မှုကို လျော့ပါးသက်သာစေရန် ဆောင်ရွက်ရာ၌ ပျက်ကွက်ကြောင်း ၂ဝ၂၂ CRI အညွှန်းကိန်းက ထပ်၍ ရှင်းရှင်းလင်းလင်း ပြသထားသည်” ဟုလည်းဖော်ပြထားသည်။
“ရာစုနှစ်တစ်ခုအတွင်း အကြီးမားဆုံး ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေ”ဟု သတ်မှတ်ပြီးနောက် ၎င်းပရဟိတအဖွဲ့သည် ၂ဝ၂ဝ မှ ၂ဝ၂၂ ခုနှစ်အထိ အစိုးရပေါင်း ၁၆၁ ဖွဲ့ကို အကဲဖြတ်ခဲ့သည်။
အကျုံးဝင်သော နိုင်ငံများ၏ ထက်ဝက်သည် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ကို ဖြတ်တောက်ခဲ့ပြီး ၇ဝ ရာခိုင်နှုန်းသည် ပညာရေးအသုံးစရိတ်ကို ဖြတ်တောက်ခဲ့ကြသည်။
အသွားအလာ ကန့်သတ်မှုများကြောင့် ကပ်ရောဂါသည် စားသုံးသူအသုံးစရိတ်ကို လျှော့ကျစေခဲ့ပြီးနောက် အခွန်ကောက်ခံမှုမှ ဝင်ငွေများကို လျှော့ကျစေခဲ့သည်။
သို့သော်လည်း နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ ၁၄၃ နိုင်ငံသည် ချမ်းသာသူများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ပျက်ကွက်ခဲ့ပြီး ၁၁ နိုင်ငံသည် ၎င်းတို့၏ အခွန်များကို ဖြတ်တောက်ရန် ရွေးချယ်ခဲ့ကြသည်။
အနည်းငယ်သောအစိုးရ အဖွဲ့များသည် အဆိုပါလမ်းကြောင်းပုံစံကို ပျက်ပြားစေခဲ့ပြီး မညီမျှမှုကို တိုက်ဖျက်ရန် ရှင်းလင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြောင်းကိုလည်း လေ့လာမှုတွင် ထည့်သွင်းဖော်ပြထားသည်။