- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ကော့ဘဇား ဒုက္ခသည်စခန်းတွင် လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ခိုက်မှုဖြစ်ပြီး တစ်ဦး သေဆုံး
စနေနေ့ ညက လူဆယ်ယောက်နီးပါးခန့်သည် စခန်းတွင်းသို့ ဝင်လာပြီး ၎င်းတို့၏ ပြိုင်ဘက်အဖွဲ့ဝင်များကို လိုက်လံရှာဖွေခဲ့ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဟု Daily Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Mar 2025

DMG ၊ မတ် ၁၀
ကော့ဘဇားခရိုင်ရှိ အူခီးယာဒုက္ခသည်စခန်းတွင် မတ်လ ၈ ရက်နေ့ ညဉ့်က လက်နက်ကိုင်အဖွဲ့ နှစ်ခုကြား ပစ်ခတ်မှုများ ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
စနေနေ့ ညက လူဆယ်ယောက်နီးပါးခန့်သည် စခန်းတွင်းသို့ ဝင်လာပြီး ၎င်းတို့၏ ပြိုင်ဘက်အဖွဲ့ဝင်များကို လိုက်လံရှာဖွေခဲ့ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဟု Daily Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စခန်းအမှတ် ၈၊ B-21 ဘလောက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့သူသည် အသက် ၃၃ နှစ်အရွယ် မိုဟာမက်ရာဖစ်ဆိုသူ ဖြစ်သည်။ သာမန်အရပ်သား ဖြစ်ကာ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် ကြားညှပ်ဒဏ်ရာရသွားပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်သူများအနက် နှစ်ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့က ARA အဖွဲ့ဝင်များဟု ဝန်ခံထားကြောင်း ကော့ဘဇား ရဲအရာရှိ မိုဟာမက်ဖာဇလီ ရာဘီက ပြောကြားသည်။
"ကနဦးစစ်ဆေးချက်တွေ အရတော့ ထိန်းချုပ်နယ်မြေ လုကြရာက ပစ်ခတ်မှုဖြစ်တာလို့ သိထားပါတယ်" ဟု ရဲဝန်ထမ်းနောက်တစ်ဦး၏ ပြောကြားချက်ကို BDNews သတင်းတွင် ဖော်ပြထားသည်။
ယခုသေဆုံးမှုသည် ဒုက္ခသည်စခန်းတွင်း၌ တစ်ပတ်အတွင်း ဒုတိယမြောက်လည်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း အမည်မသိ လုပ်ကြံသူအချို့သည် စခန်းအမှတ် ၂၀ မှ စခန်းခေါင်းဆောင် မိုဟာမက်နာဆိုသူကို သတ်ဖြတ်ခဲ့သည်။