- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရန် နောက်ထပ် အမည်ငါးသိန်းခွဲ စစ်ကောင်စီ စိစစ်မည်
မြန်မာစစ်ကောင်စီသည် မွတ်ဆလင်ဒုက္ခသည် ၁၈၀,၀၀၀ ကို လက်ခံရန် စိစစ်အတည်ပြုထားပြီ ဖြစ်သလို နောက်ထပ် အမည် ငါးသိန်းခွဲကိုလည်း အမြန်ဆုံး စိစစ်သွားမည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Apr 2025

မြန်မာစစ်ကောင်စီသည် မွတ်ဆလင်ဒုက္ခသည် ၁၈၀,၀၀၀ ကို လက်ခံရန် စိစစ်အတည်ပြုထားပြီ ဖြစ်သလို နောက်ထပ် အမည် ငါးသိန်းခွဲကိုလည်း အမြန်ဆုံး စိစစ်သွားမည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒါကာရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးတွင် ဧပြီလ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းတွင်ကျင်းပသည့် BIMSTEC အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဦးသန်းဆွေနှင့် မိမိတွေ့ဆုံစဉ် ယခုကဲ့သို့ အတည်ပြု ပြောကြားသွားခြင်း ဖြစ်ကြောင်း ဒေါက်တာ ခါလီလာရာမန်က ပြောသည်။
ဒုက္ခသည် နှစ်သိန်းခွဲ၏ အထောက်အထားများကို ပေးအပ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ၁၈၀,၀၀၀ ကို စိစစ်အတည်ပြုခဲ့ပြီး နောက်ထပ် ၇၀,၀၀၀ မှာ အမည်နှင့် ဓာတ်ပုံများ ရောထွေးနေသည့်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်လက်ညှိနှိုင်းရဦးမည်ဟု ခါလီလာရာမန်က ပြောသည်။
ကျန်ရှိနေသေးသည့် ဒုက္ခသည် ငါးသိန်းခွဲ၏ အမည်များကိုလည်း အမြန်ဆုံး စိစစ်ပြီး လက်စသတ်သွားမည်ဟု မြန်မာအာဏာပိုင်များက ပြောကြားကြောင်း ဒေါက်တာခါလီလာရာမန်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အကြားတွင် ဒုက္ခသည်အမည်စာရင်းများကို ရှစ်ကြိမ်အထိ မြန်မာသို့ ပေးပို့ထားပြီး စုစုပေါင်း အရေအတွက်မှာ ၈ သိန်းအထိရှိသည်။