- AA ထိန်းချုပ်မြို့နယ်များပါ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာမှု ဘာတွေဖြစ်လာနိုင်မလဲ
- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ စစ်ကောင်စီ၏ မဟာမိတ်များကို ပယ်ဖျက်ခြင်းသည် လွန်ကဲသည့် လုပ်ရပ်ဟု ကုလကိုယ်စားလှယ်ပြော
- ကုလားတန်အထက်ပိုင်း ဒေသခံများ ကျန်းမာရေး စိန်ခေါ်မှုများ ရှိနေကြ
- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၆ ဦးကို မြန်မာရေတပ် ပြန်လွှတ်ပေး
မြန်မာစစ်ကောင်စီ ရေတပ်က မတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၆ ဦးကို နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။
07 Mar 2025

မြန်မာစစ်ကောင်စီ ရေတပ်က မတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၆ ဦးကို နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။
အဆိုပါငါးဖမ်းသမားများသည် ၅ ရက်နေ့ မွန်းတည့်ပိုင်း၌ စိန့်မာတင်ကျွန်း တောင်ဘက် ၁၀ ကျော် ၁၅ ကီလိုမီတာခန့် အကွာ၌ ငါးဖမ်းလှေ ၆ စီးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့ကို မြန်မာရေတပ်က ၅ ရက်နေ့ ညဉ့်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ကျော်ပြီး မြန်မာရေပြင်သို့ ရောက်သွားရာမှ အဖမ်းခံရခြင်းဟု သိထားကြောင်း တက္ကနာအုပ်ချုပ်ရေးမှူး (UNO) ရှိတ်အာဆန်အူဒင်က ပြောကြားကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ငါးဖမ်းသမားများသည် ၆ ရက်နေ့ အစောပိုင်းတွင် တက္ကနာသို့ ပြန်ရောက်လာကြပြီဖြစ်သည်။ သို့သော်လည်း ငါးဖမ်းလှေများနှင့် ငါးဖမ်းပိုက်များကိုမူ မြန်မာရေတပ်က သိမ်းယူထားလိုက်သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နယ်စပ်ရှိ နတ်မြစ်တကြောတွင် အာရက္ခတပ်တော် AA ကလည်း ရေပြင်ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်။
AA သည်လည်း ရခိုင်ရေပိုင်နက်ထဲသို့ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အလျဉ်းသင့်သလို ဖမ်းဆီးထိန်းသိမ်းမှုများ ရှိသည်။ ပြီခဲ့သည့် ဖော်ဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း AA သည် ရခိုင်ရေပြင်ထဲသို့ ဝင်ရောက်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။