- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
မြန်မာဘက်သို့ ခိုးဝင်သည့်အတွက် AA က ဖမ်းဆီးထားသူ ငါးဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ပြန်လွှဲပေး
မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောက်သွားသည့်အတွက် အာရက္ခတပ်တော်က ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဦးအား အောက်တိုဘာလ ၈ ရက်နေ့တွင် AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
10 Oct 2024
မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောက်သွားသည့်အတွက် အာရက္ခတပ်တော်က ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဦးအား အောက်တိုဘာလ ၈ ရက်နေ့တွင် AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့ငါးဦးသည် အောက်တိုဘာလ ၇ ရက်နေ့က နတ်မြစ်အတွင်း ငါးဖမ်းနေစဉ် မြန်မာ့ရေပြင်ပိုင်နက်ထဲသို့ ဝင်ရောက်လာရာမှ AA က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
စက်လှေသုံးစီးဖြင့် ငါးဖမ်းနေသည်ကို အေအေက လိုက်လံဖမ်းဆီးရာမှ နှစ်စီး လွတ်မြောက်သွားပြီး တစ်စီးမှာ အဖမ်းခံခဲ့ရပြီး မြန်မာဘက်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
၎င်းတို့ကို AA က နောက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်ဟု BGB ဒုဗိုလ်မှူးကြီး မိုဟီအူဒင် အာမက်က ပြောကြားကြောင်း ဒေလီစတား သတင်းတွင် ဖော်ပြသည်။
၂၀၁၇ ခုနှစ်နောက်ပိုင်းတည်းက နတ်မြစ်အတွင်း ငါးဖမ်းခြင်းကို တားမြစ်ထားသော်လည်း ယခုအထိ သွားနေကြသူ အများအပြား ရှိနေကြောင်းလည်း သူကပြောသည်။
ပြန်လွတ်လာသူ ငါးဦးသည် ၎င်းတို့၏ မိသားစုများထံသို့ ပြန်ရောက်သွားကြပြီဟု သိရကြောင်း ဒေလီစတားသတင်းတွင် ဖော်ပြထားသည်။