- မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ
- ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ
- ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်
- သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ
- စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော
မြန်မာနယ်စပ်ဧရိယာများတွင် ကျည်အစစ်ဖြင့် တရုတ်စစ်ရေးလေ့ကျင့်မည်
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာနယ်စပ်ဧရိယာများတွင် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု တရုတ်စစ်ဘက်က ယနေ့ (သြဂုတ် ၂၆) ထုတ်ပြန်လိုက်သည်။
26 Aug 2024
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာနယ်စပ်ဧရိယာများတွင် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု တရုတ်စစ်ဘက်က ယနေ့ (သြဂုတ် ၂၆) ထုတ်ပြန်လိုက်သည်။
ယခုလေ့ကျင့်မှု၌ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နှင့်အတူ ဝေဟင်-မြေပြင် ရဲတပ်ဖွဲ့ပါ ပူးပေါင်းပါဝင်မည် ဖြစ်ပြီး မြန်မာနှင့် ထိစပ်နေသည့် ရွှေလီမြို့နှင့် ကျန်းကန်ခရိုင်တို့အပါအဝင် ယူနန်ပြည်နယ် အနောက်ပိုင်းရှိ တိုင် (Gengma Dai) နှင့် ဝ (Va) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့၌ လေ့ကျင့်မည်ဖြစ်ကြောင်း စစ်တပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်မြောက်ပိုင်း ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးကျည် ဒဏ်ကြောင့် တရုတ်ဘက်တွင်လည်း ပြည်သူများ ဒဏ်ရာရခြင်း၊ အဆောက်အအုံများ ထိခိုက်ခြင်းများ ရှိခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိမိတို့၏ တပ်ဖွဲ့များ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာခြင်း၊ ပိတ်ဆို့ထိန်းချုပ်ခြင်း၊ ပူးပေါင်းတိုက်စစ်ဆင်ခြင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ ဆောင်ရွက်ခြင်းတို့ လေ့ကျင့်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် PLA တပ်ခွဲတစ်ခုသည်လည်း မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း၌ ကျည်အစစ်ဖြင့် လေ့ကျင့်မှုများကို သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု တရုတ်စစ်တပ်၏ သီးခြားထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။