- စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ဒေသခံ ၃၀ ကျော်ထိ သေဆုံးဒဏ်ရာရမှု ရှိလာ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
အိန္ဒိယသို့ တိမ်းရှောင်သွားသော ရဲဝန်ထမ်းရှစ်ဦးကို မြန်မာအာဏာပိုင်များ ပြန်တောင်း
အိန္ဒိယသို့ တိမ်းရှောင်သွားသော ရဲဝန်ထမ်း ရှစ်ဦးအား နှစ်နိုင်ငံချစ်ကြည်ရေးကို ထိန်းသိမ်းသည့်အနေဖြင့် မြန်မာဘက်သို့ ပြန်လွှဲပေးရန် ချင်းပြည်နယ် ဖလမ်းခရိုင် တာဝန်ရှိသူများထံမှ ပေးပို့ထားသော စာတစ်စောင် လက်ခံရရှိထားကြောင်း မီဇိုရမ်ပြည်နယ် ချမ့်ဖိုင်ခရိုင် အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
07 Mar 2021

လက်ရှိအချိန်၌ သူမအနေဖြင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံမှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း လက်ထောက်ကော်မရှင်နာ မာရီယာစီတီဇူဝါလီက ရိုက်တာသတင်းဌာနသို့ စနေနေ့တွင် ဖြေကြားသည်။
မြန်မာဘက်က ပေးပို့သည့် စာ၌ အိန္ဒိယသို့ တိမ်းရှောင်သွားသည့် ရဲဝန်ထမ်း ရှစ်ဦး၏ အချက်အလက်များ ပါဝင်ပြီး ၎င်းတို့အနက် ရဲမေတစ်ဦး အပါအဝင် အသက် ၂၂ နှစ်နှင့် ၂၅ နှစ်အကြား ဝန်ထမ်းလေးဦး၏ အသေးစိတ် အချက်အလက်များ ဖော်ပြထားသည်ကို တွေ့ရသည်။
ရိုက်တာသတင်းဌာန၏ မေးမြန်းချက်အား အိန္ဒိယပြည်ထဲရေး ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပူးပေါင်းပါဝင်မှုများ ရှိသော်လည်း ပြည်ပသို့ တိမ်းရှောင်မှုမှာ ယခုဖြစ်ရပ်သည် ပထမဆုံးဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်သွားသူ ရဲဝန်ထမ်း ၃၀ ဝန်းကျင်ရှိပြီး ၎င်းတို့၏ မိသားစုဝင်အချို့လည်း လိုက်ပါသွားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။