- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မြန်မာရဲတပ်ဖွဲ့ဝင် ၁၉ ဦး အိန္ဒိယသို့ ထွက်ပြေးခိုလှုံ
မြန်မာနိုင်ငံ၌ နေရာအနှံ့ ဖြစ်ပေါ်နေသည့် ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က နှိမ်နင်းနေချိန်၌ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးသည် အိန္ဒိယနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြပြီး ခိုလှုံခွင့် တောင်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။ ယခုသတင်းအား ကြာသပတေးနေ့တွင် အိန္ဒိယရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရပြီး ထပ်မံ ဝင်ရောက်လာမည့်သူများ ရှိနိုင်သေးသည်ဟု ပြောကြားကြောင်း ရိုက်တာသတင်းက ဆိုသည်။
04 Mar 2021

ထွက်ပြေးလာကြသူများသည် မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ရှိ ချမ့်ဖိုင်နှင့် ဆာချစ် ခရိုင်များသို့ ဝင်လာကြခြင်း ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောသည်။ လုံခြုံရေးအခြေအနေကြောင့် ၎င်းတို့၏အမည်များကို ထုတ်ပြောရန် အဆိုပါအရာရှိက ငြင်းဆိုသည်။
ဝင်လာကြသူ ရဲများအားလုံး ရာထူးအငယ်များ ဖြစ်ကြပြီး လက်နက်များ မပါကြောင်း အရာရှိက ဆိုသည်။ ထပ်ဝင်လာမည့်သူများ ရှိနိုင်သေးသည်ဟု ယူဆကြောင်းလည်း အဆိုပါအရာရှိက ထောက်လှမ်းရေး အစီရင်ခံစာများကို ကိုးကားပြောဆိုသည်။
ရဲတပ်ဖွဲ့ဝင်များသည် အာဏာဖီဆန်မှုကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ကာ ထွက်ပြေးလာကြခြင်း ဖြစ်ပြီး ၎င်းတို့ကို အိန္ဒိယအာဏာပိုင်များက ယာယီစောင့်ရှောက်ပေးထားသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
“မလိုက်နာလို့မရတဲ့ ညွှန်ကြားချက်တွေ စစ်တပ်အရာရှိတွေဆီက ပေးလာလို့ သူတို့ ထွက်ပြေးလာကြတယ်လို့ ပြောတယ်” ဟု ဆာချစ်ခရိုင်ရဲမှူး စတီဖင်လာရီနော်မာက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
မြန်မာပြည်အနှံ့ နေရာအများအပြားတွင် အရပ်သား ဆန္ဒဖော်ထုတ်ပွဲများ၌ ပူးပေါင်းပါဝင်လာသည့် ရဲတပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဆိုရှယ်မီဒီယာများတွင် ဖော်ပြချက်များ တွေ့ရပြီး ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်သဖြင့် ဖမ်းဆီးခံရသည့်ရဲများလည်း ရှိနေသည်။ ပြည်ပသို့ ထွက်ပြေးမှုမှာမူ ယခုဖြစ်ရပ်သည် ပထမဆုံး ဖြစ်သည်။