- ဖားကန့်တိုက်ပွဲဂယက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ
- အာရက္ခပြည် ပထဝီ စီးပွားရေးကို လေ့လာဆန်းစစ်ခြင်း
- ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ
- သာပေါင်း ခမရ ၃၀၈ တွင် ကာကင်းစခန်းများတိုးချဲ့ကာ ခံစစ်ပြင်
- စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော
ဖားကန့်တိုက်ပွဲဂယက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ
ဖားကန့်မြို့နယ်အတွင်း ရွှေ၊ ကျောက်စိမ်းရှာ အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားများမှာ စိန်ခေါ်မှု ပေါင်းများစွာနှင့် ကြုံလာရကြောင်း ဒေသခံများက ဆိုကြသည်။
23 May 2025

DMG ၊ မေ ၂၃
ဧပြီလ တတိယအပတ်မှ စတင်၍ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းနေပြီး ယခုအခါ ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းဖြစ်လာနေကြသည်။
ဖားကန့်မြို့နယ်အတွင်း ရွှေ၊ ကျောက်စိမ်းရှာ အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားများမှာ စိန်ခေါ်မှု ပေါင်းများစွာနှင့် ကြုံလာရကြောင်း ဒေသခံများက ဆိုကြသည်။
" တိုက်ပွဲတွေ ဖြစ်နေတော့ ကျောက်တူးတဲ့ ကုမ္ပဏီတွေက မလည်ပတ်တော့ဘူ။ ဒီတော့ အရင်တူးထားတဲ့ အဟောင်းကျင်းတွေကပဲ ရှာရတာမို့ အဆင်မပြေဘူး။ လူအားနဲ့ တူးရတာက တော်တော်လည်းပင်ပန်းသလို စက်နဲ့ယှဉ်ရင် တော်တော်လေး ကွာပါတယ် " ဟု ဖားကန့်ရောက်ရွှေ့ပြောင်းလုပ်သား ကိုဝင်းလွင်စိုး က ပြောသည်။
ယခုအခါ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီကြီးများ ရပ်တန့်ထား၍ အလုပ်အဆင်မပြေသည့်အပြင် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကိုလည်း ဖားကန့်ရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားများမှာ ခံနေကြရသည်။
လက်ရှိ ဖားကန်းမြို့နယ်အတွင်း ဆန်တစ်အိတ်ကို ငွေကျပ် ၁၂၀,၀၀၀၊ စားအုန်းဆီ တစ်ပိဿကို ငွေကျပ် ၃၀,၀၀၀ ၊ ဓာတ်ဆီ တစ်လီတာကို ငွေကျပ် ၁၀,၀၀၀၊ ဝက်သား တစ်ပိဿာကို ငွေကျပ် ၆၀,၀၀၀ အထိ ဈေးရှိနေကြောင်း သိရသည်။
အလုပ်အကိုင် အဆင်မပြေမှု စားဝတ်နေရေး ကျပ်တည်းမှုတို့ကြောင့် ရခိုင်ရွှေ့ပြောင်းလုပ်သားအချို့မှာ နေရပ်သို့ပြန်လာချင်သော်လည်း ပြန်စရိတ်မှာ ငွေကျပ် သိန်း ၃၀ ကျော် အထိ ကုန်ကျ၍ နေရပ်မပြန်နိုင်ဘဲ သောင်တင်နေကြာင်း ပြောဆိုကြသည်။
" ဒီကနေ ပြန်မယ်ဆို အနည်းဆုံး သိန်း ၃၀ လောက် ကုန်တာ။ ဒီရက်ပိုင်းတောင် အလုပ်မလုပ်နိုင်တဲ့ အမျိုးသမီးတစ်ဦးကို ဒီက ရခိုင်တွေ စုလို့ပေါင်းလို့ ကူညီပြီး ရခိုင်ကို ပြန်ပို့လိုက်တယ်။ တော်တော်များများတော့ ပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့ သူတွေများပါတယ် " ဟု ဖားကန့်ရောက် ရွှေ့ပြောင်းလုပ်သား ကိုကျော်စိုးဝင်း က ပြောသည်။
၎င်းအပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း သတိထားနေရပြီး စိုးရိမ်စိတ်များနှင့် နေထိုင်နေရကြောင်း ပြောဆိုကြသည်။
ဖားကန့်မြို့ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဖားကန့်မြို့နှင့် ကာမိုင်းမြို့အကြားတွင် KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။