- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
မောင်တောခရိုင်က စစ်ဘေးရှောင်နှစ်သိန်းခန့် အကူအညီလိုအပ်နေကြောင်း AA ထုတ်ပြန်
လက်ရှိတွင် AA ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ထိရှိနေပြီး လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
24 May 2024

DMG ၊ မေ ၂၄
အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာနယ်မြေတွင် လာရောက်ခိုလှုံနေကြသည့် မောင်တော၊ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အပါအဝင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် အကူအညီများနေကြောင်း AA က ထုတ်ပြန်သည်။
စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ထဲတွင် ၈၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ပြီး ရခိုင်နှင့် အခြားလူနည်းစု ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပြီး ၎င်းတို့အား AA က ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း ဆိုသည်။
သို့သော်လည်း လာမည့်ကာလတွင် အခြေခံစားနပ်ရိက္ခာအပြင် ကလေးနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အမိုးအကာ၊ အိမ်သာ စသည့် လိုအပ်ချက်များရှိနေ၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာရှင်များမှ ကူညီပေးကြရန် AA တိုက်တွန်းထားသည်။
စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့်ရှုပ်ထွေးနေသော လက်ရှိရခိုင်ဒေသနှင့်ပတ်သက်၍ အမျိုးမျိုး ဝေဖန်ရေးသားပြောဆိုမှုများရှိနေသော်လည်း AA သည် မိမိတို့၏ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားအတိုင်း ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
လက်ရှိတွင် AA ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ထိရှိနေပြီး လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။