- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
စစ်ကျန် ဗုံးသီးပေါက်ကွဲမှုကြောင့် ပေါက်တောတွင် လူငယ် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဂြင်းဒွေကျေးရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)၊ ညနေ ၃ နာရီကျော်တွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ ဒေသခံ လူငယ် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
13 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဂြင်းဒွေကျေးရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)၊ ညနေ ၃ နာရီကျော်တွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ ဒေသခံ လူငယ် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ကိုနေမျိုးဝင်း (၂၀) နှစ်နှင့် မောင်ကိုကိုနိုင် (၁၈) နှစ်တို့မှာ သေဆုံးသွားပြီး မောင်ဟိန်းစိုးနိုင် (၁၅) နှစ်၊ မောင်ငြိမ်းစိုးလင်း (၁၅) နှစ်၊ မောင်မင်းစိုးထွန်း (၁၇)နှစ်နှင့် မမြတ်အေးခိုင် (၂၀) နှစ်တို့မှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။
" ဗုံးသီးကို စွန်ရဲ(မင်းပြားမြို့နယ်)ကနေ ကောက်လာပြီး ထုခွဲကြည့်တာလို့ သိရတယ်။ အဲနေရာမှာတင် ပွဲရှင်းပြီး နှစ်ယောက် သေသွားတယ်။ ကျန်တဲ့ ဒဏ်ရာရသူတွေကတော့ အရေးပေါ် ဆေးကုသနေကြတယ် " ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မောင်တောမြို့နယ်၊ ဂုံးနားကျေးရွာတွင် စစ်ကျန်လက်နက်ဗုံးသီးပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ဒေသခံများမှာ မကြာခဏ ထိခိုက်သေဆုံးမှုများ ရှိလာနေသဖြင့် အသိပညာပေးမှုများ ပိုမိုထိရောက်စွာလုပ်ဆောင်ရန် လိုအပ်နေသည်။
" အခုဆိုရင် စစ်ကျန်လက်နက်တွေကို ထုခွဲမိလို့ သေဆုံးဒဏ်ရာရတဲ့အကြောင်းတွေကို ဆက်တိုက် မြင်နေကြားနေရတယ်။ အဓိကတော့ အသိပညာပေးမှုတွေ အားနည်းနေသေးတယ်လို့ မြင်တယ်။ စစ်ကျန်လက်နက် အသိပညာပေးတာတွေကို အာဏာပိုင်တွေက ထိရောက်အောင်လုပ်ပေးဖို့ လိုအပ်သလို ပြည်သူတွေအနေနဲ့ကလည်း လိုက်နာဖို့ လိုအပ်တယ်" ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။
ရခိုင်တွင် ယခု ဖေဖော်ဝါရီလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိလာကြောင်း DMG ၏ စာရင်းအရ သိရသည်။