- မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၁)
- ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ
- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီခွဲခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
11 Nov 2022

ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ သေဆုံး၊ဒဏ်ရာရသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့
DMG ၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီခွဲခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၄၁ နှစ်အရွယ် ဦးအေးစိုးသိန်းမှာ ညာလက်မောင်းအောက်တွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး အသက် ၆၀ အရွယ် ဦးကျားချေမှာ ဘယ်ခြေထောက်ပြတ်ထွက်သည့် ဒဏ်ရာရရှိခဲ့သည်။
၎င်းတို့နှစ်ဦးမှာ လယ်ကွင်းပြင်၌ နွားကို ကြိုးဖြင့်ချည်ရန်သွားစဉ် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဦးအေးစိုးသိန်းမှာ နေရာတွင်သေဆုံးခဲ့သည်။ ဦးကျားချေမှာ ဆေးကုသမှုခံယူရန်သွားစဉ် မိုးတိမ်ပြင်ကျေးရွာအနီး လမ်းခုလတ်တွင် သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများကပြောသည်။
“မနက် ၇ နာရီကျော်လောက် ၅၅၀ တပ်ရင်းက လက်နက်ကြီး ၄ လုံးလောက် ရွာဘက်ကိုပစ်တဲ့အခါ ထိသွားတာပါ။ နွားတွေကို လယ်ကွင်းပြင်နားမှာ ချည်တာဆိုတော့ နွားချည်ဖို့သွားတဲ့အခါ ထိသွားတာ”ဟု ဒီပါရုံကျေးရွာသားတစ်ဦးကပြောသည်။
ထိုသို့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသူနှစ်ဦးကို ယနေ့ နေ့လည်ပိုင်းတွင် သဂြိုဟ်ရန် စီစဉ်နေကြောင်းလည်း ကျေးရွာသားများထံမှ သိရသည်။
အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထပ်မံ၍ လက်နက်ကြီးကျည်များ ကျရောက်လာမည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။
“ရွာသားထက်ဝက်လောက်က စိုးရိမ်ပြီး အနီးအနားကရွာတွေကို ထွက်ပြေးသွားကြပါတယ်။ ကျမတို့ကတော့ ရွာမှာပါ။ ကြောက်လို့အပြင်မထွက်ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေနေကြတယ်။ နွားတွေကိုလည်း ဒီအတိုင်း လွှတ်ထားလိုက်တယ်။ သွားမကြည့်ရဲဘူး”ဟု ဒီပါရုံကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ ကျေးရွာသားများ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။