- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ယခုနှစ်တွင် ရခိုင်သို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၀ ကျော်ခန့်သာ ဝင်ရောက်သေး
ယခုနှစ်ဆောင်းဦးပေါက်စတွင် ရခိုင်ပြည်နယ်အတွင်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၀ ကျော်သာ ဝင်ရောက်ကျက်စားလျက်ရှိသည်ကိုတွေ့ရကြောင်း ရခိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
08 Dec 2021
DMG ၊ ဒီဇင်ဘာ ၈
ယခုနှစ်ဆောင်းဦးပေါက်စတွင် ရခိုင်ပြည်နယ်အတွင်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၀ ကျော်သာ ဝင်ရောက်ကျက်စားလျက်ရှိသည်ကိုတွေ့ရကြောင်း ရခိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
နှစ်စဉ် ဆောင်းဦးကာလနိုဝင်ဘာလမှစတင်ပြီး ဇန်နဝါရီလအထိ
ရခိုင်ပြည်နယ်အတွင်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၅၀ ခန့် ဝင်ရောက်ကျက်စားခဲ့သော်လည်း ယခုနှစ်တွင် မျိုးစိတ်ပေါင်း ၃၀ ကျော်သာ တွေ့ရသေးသည်ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ ဦးရန်နောင်စိုးက ပြောသည်။
“အဓိကတော့ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ရေညှောက်နုတ်ဝိုင်းငှက်၊ ရေပျော်ငှက်၊ ခြေစိမ်းငှက်၊ ခရုစုငှက်တွေတော့ အခုရောက်နေပြီ။ Kentish plover ငှက်မျိုးစိတ်ကတော့ အခုအချိန်မှာ အများဆုံးတွေ့ရပါတယ်“ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် ငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ဆောင်းခိုငှက် ရေညှောက်နုတ်ဝိုင်းငှက်၊ ကြိုးကြာငှက်၊ နုတ်တိုနုတ်ရှည်ငှက်အပါအဝင် အခြားငှက်များမှာလည်း မျိုးတုန်းလုနီးပါးဖြစ်လာသည်။
ငှက်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ရေးအပိုင်းလုပ်ဆောင်ရာတွင် လူအင်အား၊ ငွေအင်အားအရ အခက်အခဲရှိနေသဖြင့် အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်နေသည်။
မဆင်မခြင်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငှက်ကျက်စားမည့်နေရာ ရှားပါးလာခြင်း၊ ရေထုညစ်ညမ်းလာခြင်းနှင့် သဘာဝအပြောင်းအလဲများကြောင့် မြန်မာနိုင်ငံတွင် အနီရောင်စာရင်းဝင် ဌာနေငှက်အပါအဝင် ဆောင်းခိုငှက်ငှက်မျိုးစိတ် ၅၀ ကျော်မှာ မျိုးသုန်းမည့်အရေးနှင့်ကြုံတွေ့နေသဖြင့် အရေးပေါ်အခြေအနေအရ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေပြီဖြစ်ကြောင်း မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်ကပြောသည်။
“ငှက်မျိုးစိတ်တွေထိန်းသိမ်းဖို့ ဒေသခံတွေဘက်ကလည်း ပူးပေါင်းပါဝင်မှုအားနည်းတယ်။ ဌာနဆိုင်ရာဘက်ကလည်း အသိပညာ ဟောပြောပွဲတွေလုပ်တဲ့အပိုင်းမှာ အရမ်းအားနည်းတော့ ငှက်မျိုးစိတ်တွေကို မျိုးမသုန်းအောင် ထိန်းသိမ်းရေးအပိုင်းမှာ ထိရောက်မှုမရှိဘူး။ အခက်အခဲတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ထင်သလောက်ခရီးမရောက်ဘူးပေါ့”ဟု ၎င်းကဆိုသည်။
ကမ္ဘာ့အအေးပိုင်းဒေသမှငှက်များမှာ ဆောင်းရာသီကာလတွင် အလွန်အေးသဖြင့် အအေးသက်သာသည့် အရပ်ဒေသဆီသို့ ယာယီပြောင်းရွှေ့နေထိုင်ကြသဖြင့် ငှက်မျိုးစိတ်အားလုံးကို ဆောင်းခိုငှက်ဟုခေါ်ဝေါ်ကြသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်ကြားရှိ နံသာကျွန်းမှာ ဆောင်းခိုငှက်များ လာရောက်ခိုလှုံရာကျွန်းတစ်ကျွန်းဖြစ်ပြီး ငှက်မျိုးစိတ်ပေါင်း ၆၀ ကျော် ကျက်စားနေထိုင်ကြောင်း သိရသည်။