- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
အိန္ဒိယ၌ ငှက်ကောင်ရေ သိသိသာသာ ကျဆင်း
ငှက်များ၏သဘာဝကို စောင့်ကြည့်လေ့လာသူ ၁၅၀၀၀ ကျော်၏ စူးစမ်းလေ့လာချက်များဖြင့် အိန္ဒိယရှိငှက်များ အခြေအနေ အစီရင်ခံစာအား ပြုစုခဲ့ခြင်းဖြစ်ပြီး လေ့လာခဲ့သောငှက်ကောင်ရေ ၈၆၇ ကောင်ရှိသည်။
20 Feb 2020

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ငှက်ကောင်ရေ သိသိသာသာ ကျဆင်းသွားကြောင်း လေ့လာချက်တစ်ခုအရ သိရသည်။
ငှက်များ၏သဘာဝကို စောင့်ကြည့်လေ့လာသူ ၁၅၀၀၀ ကျော်၏ စူးစမ်းလေ့လာချက်များဖြင့် အိန္ဒိယရှိငှက်များ အခြေအနေ အစီရင်ခံစာအား ပြုစုခဲ့ခြင်းဖြစ်ပြီး လေ့လာခဲ့သောငှက်ကောင်ရေ ၈၆၇ ကောင်ရှိသည်။
လေ့လာချက်အရ ကောင်ရေကျဆင်းမှု အများဆုံးမှာ လင်းယုန်၊ လင်းတ၊ တေးသီငှက်နှင့် နေရာရွှေ့ပြောင်းကျက်စားသည့် ရေစပ်နားနေငှက်များဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အိန္ဒိယ၏အမျိုးသားငှက်ဖြစ်သည့် ဒေါင်းငှက်ကောင်ရေမှာ သိသာစွာမြင့်တက်လာကြောင်း တွေ့ရသည်။
ငှက်ကောင်ရေကျဆင်းမှု၏ အဓိက အကြောင်းရင်းနှစ်ခုမှာ ငှက်များအား အမဲလိုက်ခြင်းနှင့် လူနေအိမ်ခြေများ ရွှေ့ပြောင်းအခြေချခြင်းတို့ ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကြိုးများနှင့် တိုက်မိခြင်းသည်လည်း ငှက်များအား အဓိကသေဆုံးစေသည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း တွေ့ရသည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။
ဒေသတွင်း စာကလေးငှက်ကောင်ရေမှာမူ မြို့ကြီးများ၌ လျော့နည်းသွားသော်လည်း နိုင်ငံတစ်ဝန်း ခြုံ၍တွက်လျှင် အကြမ်းဖျင်းအားဖြင့် တည်ငြိမ်မှုရှိသည်။
ဒေသတစ်ဝိုက်နှင့် ခရီးဝေးမှ လာရောက်ကြသည့် ရွှေ့ပြောင်းငှက်ကောင်ရေသည်လည်း ထိုးကျသွားသည်။
အခြားတစ်ဘက်တွင်မူ မျိုးတုန်းနိုင်သော အန္တရာယ်ရှိနေသည့် ဇီးကွက်ငှက်ကောင်ရေမှာ ၁၉၉၇ နောက်ပိုင်းတွင် နေရာအများအပြား၌ ပြန်လည်တွေ့ရှိလာရသည်။
ယခုလေ့လာချက်မှာ ငှက်မျိုးစိတ်အချို့အား ရွေးချယ်မှတ်တမ်းတင်ထားခြင်းသာ ဖြစ်သဖြင့် အိန္ဒိယရှိ ငှက်အားလုံး၏ အခြေအနေအား ထင်ဟပ်နိုင်မည် မဟုတ်ပေ။
အိန္ဒိယငှက်အများစုအတွက်မူ အချက်အလက်မပြည့်စုံမှုကြောင့် ၎င်းငှက်များ ကြုံတွေ့နေရသည့် အနေအထားအား ရှင်းရှင်းလင်းလင်း မသိရကြောင်း လေ့လာချက်တွင် ဖော်ပြထားသည်။