- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
မောင်တောမြို့နယ်မြောက်ပိုင်းတွင် တောဆင်ရိုင်းများဝင်ရောက်
မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာ၌ စတင်ဘာလ ၆ ရက်နေ့ ည ၁၁ ခန့်က တောဆင်ရိုင်း ၁၂ ကောင်ခန့် အုပ်စုဖွဲ့ဝင်ရောက်ပြီး ကျေးရွာဘုန်းကြီးကျောင်းခြံဝင်းအတွင်း စိုက်ပျိုးထားသည့် ငှက်ပျောပင် ၄၀၀ ခန့်အား စားသောက်ဖျက်စီးသွားသည့်အပြင် သိမ်တံခါးဝကိုပါ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
07 Sep 2019

ချလူးအောင် | DMG
စက်တင်ဘာ ၇ ၊ မောင်တော
မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာ၌ စတင်ဘာလ ၆ ရက်နေ့ ည ၁၁ ခန့်က တောဆင်ရိုင်း ၁၂ ကောင်ခန့် အုပ်စုဖွဲ့ဝင်ရောက်ပြီး ကျေးရွာဘုန်းကြီးကျောင်းခြံဝင်းအတွင်း စိုက်ပျိုးထားသည့် ငှက်ပျောပင် ၄၀၀ ခန့်အား စားသောက်ဖျက်စီးသွားသည့်အပြင် သိမ်တံခါးဝကိုပါ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်စုဖြင့်ဝင်ရောက်လာသည့် ဆင်များကို ကျေးရွာသားများမှ မီးတုတ်များဖြင့် ခြောက်လှန့် နှင်ထုတ်ခဲ့ရကြောင်း လောင်းဒုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကျော်က ပြောသည်။
"နယ်ခြားစောင့်စခန်းကိုလည်း အကြောင်းကြားထားပါတယ်။ ဆင်တွေက ဘုန်းကြီးကျောင်းဝင်းထဲက ငှက်ပျော်ပင်တွေကို စားသောက်ဖျက်ခဲ့ကြတာပါ။ လူနေအိမ်တွေကိုတော့ အန္တရာယ် မပြုခဲ့ပါဘူး။ ရွာသားတွေစုပြီး မီးတုတ်တွေနဲ့ ခြောက်လန့်ပြီးနှင်ထုတ်ခဲ့ရပါတယ်" ဟု ၎င်းကဆိုသည်။
မောင်တောမြို့နယ်တွင် တောဆင်ရိုင်းဝင်ရောက်မှုများ မကြာခဏရှိနေပြီး ဇွန်လ ၂၄ ရက်နေ့က ကံသာယာကျေးရွာမှ တောင်သူတစ်ဦးကို တောဆင်ရိုင်း နင်းပြီးသေဆုံးသွားခဲ့သည်။
ထို့ပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကျောက်ချောင်းကျေးရွာသားတစ်ဦး ဆင်နင်းခံရပြီး သေဆုံးသွားခဲ့သည်။