- အင်ဒိုနီးရှား၊ အမေရိကန်နှင့် မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်
- ဒုက္ခသည်ကွန်ဖရင့် တက်ရောက်လာသည့် မိုဟာမက်ယူနွတ်က နေရပ်ပြန်ရေး လမ်းညွှန်ချက် ၇ ရပ် အဆိုပြု
- MNDAA ဖမ်းဆီးရထားသည့် သေနတ် ၂၀၀ ကျော်ကို တရုတ်ထံ အပ်၊ ၄၀၀ ကျော်ကို ဖျက်ဆီး
- ယူကေတွင် ခိုလှုံခွင့် တောင်းခံသူများကို နေရာချထားသည့် ဟိုတယ်များရှေ့၌ ဆန္ဒပြမှုများ ဖြစ်ပွား
- ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်
MNDAA ဖမ်းဆီးရထားသည့် သေနတ် ၂၀၀ ကျော်ကို တရုတ်ထံ အပ်၊ ၄၀၀ ကျော်ကို ဖျက်ဆီး
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်နယ်မြေအတွင်း ရဲတပ်ဖွဲ့ သိမ်းဆည်းရရှိခဲ့သည့် တရားမဝင်သေနတ် ၄၇၆ လက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အလက်၂၀၀ ကို ဉပဒေနှင့်အညီ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း ယနေ့တွင် The Koang က ထုတ်ပြန်သည်။
25 Aug 2025

DMG ၊ ဩဂုတ် ၂၅
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်နယ်မြေအတွင်း ရဲတပ်ဖွဲ့ သိမ်းဆည်းရရှိခဲ့သည့် တရားမဝင်သေနတ် ၄၇၆ လက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အလက်၂၀၀ ကို ဉပဒေနှင့်အညီ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း ယနေ့တွင် The Koang က ထုတ်ပြန်သည်။
ကိုးကန့်ဒေသအတွင်း လက်နက်နှင့် ပတ်သက်သော ရာဇဝတ်မှုများကို ပြင်းထန်စွာ နှိမ်နင်းရန်နှင့် လက်နက်ဆိုင်ရာ စီမံခန့်ခွဲမှု အားကောင်းစေရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်ပြီး အထူးစစ်ဆင်ရေး တရပ်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကာ စစ်ဆင်ရေးအတွင်း စုစုပေါင်း တရားမဝင် သေနတ် ၆၇၆ လက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားမဝင် လက်နက်ခဲယမ်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ဩဂုတ် ၂၁ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
အထူးဒေသ(၁) ကိုးကန့် ရဲတပ်ဖွဲ့က တရားမဝင် သေနတ်များကို စုပေါင်းဖျက်ဆီးခဲ့ပြီး၊ နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရန်အလေးထားကြောင်း ပြသခဲ့ကြောင်း ဆိုသည်။
အဆိုပါ လုပ်ရပ်မှာ တရုတ်၏ ဖိအားပေးမှုများစွာရှိနေသဖြင့် တရုတ်ထံသို့ အပ်နှံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
" တရားမဝင် သေနတ်တွေကို သိမ်းဆည်းတာကတော့ ကောင်းပါတယ်။ ဒီအထဲမှာ တစ်ချက်ပါတာက ဉပဒေနဲ့အညီ တရုတ်ထံကို လွှဲပြောင်းပေးခဲ့တယ်ဆိုတာက စိတ်ဝင်စားစရာဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက 'ဝ' နဲ့ တွေ့ပြီး တရုတ်ဖိအားကြောင့် 'ဝ'အဖွဲ့က ကိုးကန့်ကို မကူညီတော့ဘူးလို့ ပြောပြီး နောက်ပိုင်း သတင်းထွက်လာဖြစ်တယ် " ဟု တရုတ်နယ်စပ်အရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အင်အားကြီး 'ဝ' တပ်ဖွဲ့ (UWSA) သည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမှ လက်နက်၊ ငွေကြေးစသည့် အကူအညီများ ပေးတော့မည် မဟုတ်ကြောင်း တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ရှမ်းတပ် (SSPP)နှင့် UWSA တို့နှင့် တွေ့ဆုံရာတွင် ပြောလိုက်သည်။
ယင်းနောက်ပိုင်းတွင် လက်နက်များကို ဖမ်းဆီးခြင်း၊ တရုတ်ထံသို့ အပ်နှံ့ခြင်းများ လုပ်လာခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။
ထို့အပြင် ကိုးကန့်ဒေသအတွင်း သေနတ်နှင့် ပေါက်ကွဲပစ္စည်းဆိုင်ရာ တရားမဝင်လုပ်ရပ်များကို အပြင်းအထန် တိုက်ဖျက်ရန်၊ လက်နက်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းများကို အပြည့်အဝမြှင့်တင်မည့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရန် လက်နက်ပစ္စည်း စိစစ်ရေးနှင့် ရှင်းလင်းရေး အထူးလုပ်ငန်းကို စီစဉ်ဆောင်ရွက်နေကြောင်း ကိုးကန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။
" ကိုးကန့်တို့ ' ဝ' တို့ဟာ အခုတလော တရုတ်ရဲ့ ဖိအားကို အလူးအလဲ ခံစားနေကြရတာ။ နယ်စပ်လမ်းတွေ ပိတ်တာတို့ ကိုးကန့်နဲ့ 'ဝ' က စီးပွားရေးလုပ်ငန်းရှင်တို့ကို တရုတ်အစိုးရ ဖိအားပေးနေတာလည်း ရှိတယ်။ တရုတ်ကလည်း စစ်ကောင်စီကို အထူးအခွင့်အရေးတွေ ပေးနေတော့ ကိုးကန့်ဖက်က တရုတ်အလိုကျ လုပ်ပြနေရတဲ့ အခြေအနေရှိနေမှာ ခန့်မှန်းကြည့်လို့ရတယ် " ဟု နောက်ထပ် ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ကိုးကန့် ထုတ်ပြန်ချက်တွင် ဤတရားမဝင်သေနတ်များကို အပြီးအပိုင်ဖျက်ဆီးခြင်းဖြင့် လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သော လမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်နိုင်ခဲ့ပြီး မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်နှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အပြုသဘောဆောင်သော ပံ့ပိုးမှုပေးခဲ့ကြောင်း ပါရှိသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ သိမ်းယူခဲ့သည့် မြို့များကို ကိုးကန့် အထူးဒေသ (၁) ထဲ ထည့်သွင်းအုပ်ချုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် MNDAA သည် လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ မုံးကိုး ဒေသတို့ကို သိမ်းပိုက်အုပ်ချုပ်နေသည်။