- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
စစ်တွေတွင် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုခွင့် ကန့်သတ်ခံနေရ
အောက်တိုဘာ လဆန်းပိုင်းမှစ၍ ဘုရားကျောင်းတက်ကာ ဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်းနှင့်အတူ ရဲစခန်းထောက်ခံစာ (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာများ ပါရှိမှ ဝတ်ပြုခွင့်ရကြသည်။
07 Nov 2024

DMG ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ပတ်သက်၍ စစ်ကောင်စီက ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှစ၍ ဘုရားကျောင်းတက်ကာ ဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်းနှင့်အတူ ရဲစခန်းထောက်ခံစာ (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာများ ပါရှိမှ ဝတ်ပြုခွင့်ရကြသည်။
“သူတို့မှာက ပုံမှန် တနင်္ဂနွေနေ့ဆိုရင် ဘုရားဝတ်ပြုကြတယ်။ အဲဒီမှာ အပတ်တိုင်းသွားပြီးတော့ တက်ရောက်မယ့် လူဦးရေစာရင်းနဲ့ တက်ရောက်မယ့် အချိန်ကို ရဲစခန်းသို့သွားပြီး သတင်းပေးရတယ်။ သူတို့ခွင့်ပြုမှ သွားခွင့်ရတယ်” ဟု ခရစ်ယာန်ဘာသာဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ခရစ်ယာန်အသင်းတော်ကျောင်းရှိ ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်ကို ရဲတပ်ဖွဲ့ဝင်များက ဖြိုချရန် လုပ်ဆောင်ခဲ့ပြီးနောက် ခရစ်ယာန်ဘာသာဝင်များက တောင်းဆိုခဲ့သဖြင့် ဖြိုချမှု မလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်တွင် ခရစ်ယာန်ဘာသာဝင် ၇,၀၀၀ ခန့်ရှိသည်။ စစ်ကောင်စီက လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်မှု၊ ဘာသာရေးဖိနှိပ်မှုများအပေါ် ခရစ်ယာန်ဘာသာဝင်များက ကန့်ကွက်ရှုတ်ချကြသည်။
“စစ်ရေးကို အကြောင်းပြပြီး ဘာသာရေးဖိနှိပ်မှုတွေ လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ခရစ်ယာန် ဘာသာဝင် တွေကို စော်ကားတာလို့ ပြောလို့ရတယ်” ဟု ရခိုင်ဒေသနေ ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အသိုင်းအဝိုင်းများကို ပစ်ခတ်ထားတိုက်ခိုက်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေကြရသည်။
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာနေပြီး ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားစနေဆဲဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ထုတ်ပြန်ထားသည်။