- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းလိုင်းခန်း အရှေ့ ကမ်းပါးပြိုကျမှုကြောင့် ဝန်ထမ်းများကို နေရာပြောင်းရွှေ့ထားရ
သံတွဲမြို့ရှိ ရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းလိုင်းခန်း အရှေ့ကမ်းပါး ပြိုကျမှုကြောင့် ဝန်ထမ်းများကိုနေရာပြောင်းရွှေ့ထားရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
29 Jul 2021

DMG ၊ ဇူလိုင် ၂၉
သံတွဲမြို့ရှိ ရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းလိုင်းခန်း အရှေ့ကမ်းပါး ပြိုကျမှုကြောင့် ဝန်ထမ်းများကိုနေရာပြောင်းရွှေ့ထားရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
ဇူလိုင် ၂၇ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းအိမ်ယာအနီး မြေပြိုကျမှုများရှိလာခြင်းကြောင့် ဝန်ထမ်းများကိုနေရာပြောင်းရွှေ့ထားရကြောင်း စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးက ပြောသည်။
"အောက်ဖက်က ဝန်ထမ်းလိုင်းခန်းအချို့ရဲ့ရှေ့က မြေပြိုလာတော့ ဝန်ထမ်းတွေကိုနေရာပြောင်းရွှေ့ထားရတယ်။ ဒီနှစ်က တမံကလဲ ဖို့လိုက်တယ်။ မိုးကလဲများတယ်ဆိုတော့ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ထားတဲ့ ပေသုံးဆယ်ပတ်လည် ရေလွှဲနှစ်လုံးက မိုးကများတော့ ရေကပုံမှန်ထက်နည်းနည်း ရေထွက်နှုန်းများသွားတယ်။ အခုတော့ ရေကျသွားပြီ၊ စိုးရိမ်စရာမရှိတော့ပါဘူး" ဟု ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း တမံအတွင်း ရေကျော်တက်မှုမရှိဘဲ ၃ ပေ ၄ ပေခန့်အထိအမြင့်သာ ရှိနေသေးကြောင်း ဦးကျော်အေးက ပြောသည်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး စီမံကိန်း၏ ရေဝပ် ဧရိယာအတွင်းပါဝင်သည့် ရေကောက်၊ ပုရစ်နှင့် မယ်ဝကျေးရွာ တို့ကို နေရာပြောင်းရွှေ့ချပေးထားသည်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအမြင့်မှာ ယခုနှစ်မိုးရာသီ မတိုင်မီတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂ မီတာထိ ရောက် ရှိအောင်ဆောင်ရွက်နေပြီး အဆိုပါစီမံကိန်းမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြီးစီးရန်ရည်ရွယ်ထားသည်။