- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ
AA သည် တောင်ကုတ်မြို့ ပန်းမြောက်တောင် အမြောက်တပ်နှင့် တောင်ကုတ်မြို့ မြောက်ဘက်ရှိ ရပ်ကွက် အများအပြားကို သိမ်းပိုက်ထားပြီး အဆိုပါရပ်ကွက်များနှင့် အခြားနေရာများ၌ ပိတ်မိနေသည့် ဒေသခံများကို အသုတ်လိုက် ကယ်ထုတ်နေသည်။
20 Nov 2024

DMG ၊ နိုဝင်ဘာ ၂၀
တိုက်ပွဲပြင်းထန်မှုကြောင့် မြို့တွင်းပိတ်မိနေသည့် တောင်ကုတ်ဒေသခံများကို အာရက္ခတပ်တော်က နိုဝင်ဘာ ၁၆ ရက်ကစ၍ ဘေးကင်းလုံခြုံရာ နေရာအသီးသီးသို့ ကယ်ထုတ်ပေးနေကြောင်း သိရသည်။
AA သည် တောင်ကုတ်မြို့ ပန်းမြောက်တောင် အမြောက်တပ်နှင့် တောင်ကုတ်မြို့ မြောက်ဘက်ရှိ ရပ်ကွက် အများအပြားကို သိမ်းပိုက်ထားပြီး အဆိုပါရပ်ကွက်များနှင့် အခြားနေရာများ၌ ပိတ်မိနေသည့် ဒေသခံများကို အသုတ်လိုက် ကယ်ထုတ်ပေးနေခြင်း ဖြစ်သည်။
“အေအေက သိမ်းပိုက်ထားတဲ့အခြမ်းမှာရှိတဲ့ မြို့ခံတွေနဲ့ အခြားနေရာတွေက လူတွေကို ကယ်ထုတ်ပေးနေတာပါ။ ဒေသခံတွေကတော့ ဘေးလွတ်ရာအသီးသီကို ရောက်သွားကြပြီ။ ကျန်တဲ့သူတွေကိုလည်း ကယ်ထုတ်နေတာရှိတယ်လို့ သိရပါတယ်။ လူဦးရေဘယ်လောက် ကယ်ထုတ်ထားနိုင်တယ် ဆိုတာကတော့ ပြောရခက်ပါတယ်” ဟု တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။
AA ကယ်ထုတ်လာသူများထဲတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးပိုင်း အများအပြားပါဝင်ပြီး လူဦးရေအတိအကျကို မသိရသေးပေ။ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေသဖြင့် မြို့တွင်းပိတ်မိနေသူများ ရှိနေသေးကြောင်းလည်း သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၀) တောင်ကုတ်မြို့တောင်ဘက်ရှိ သိမ်တောင်ရပ်ကွက်အပါဝင် စကခ (၅) ဌာနချုပ် နှင့် ခမရ (၃၄၆) ၊ (၅၄၄) တပ်ရင်းအနီးတို့တွင် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
“မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပစ်ခတ်မှုတွေရှိနေသလို အေအေက ရှော့တိုက်ဒုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပစ်ခတ်နေတာတွေရှိတယ်”ဟု တောင်ကုတ်မြို့ခံနောက်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း အရေးနိမ့်နေသော စစ်ကောင်စီသည် လူနေအိမ်များနှင့် အရပ်သားနေရာများကို ဦးတည်ကာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည်။
လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သိမ်တောင်ရပ်ကွက်နှင့် စစ်ကောင်စီတပ်ရင်းများအနီးတွင် ဒေသခံတချို့မှာ တိုက်ပွဲကြားပိတ်မိနေကြပြီး အသက်အန္တရာယ် စိုးရိမ်နေကြရသည်။
“အခုတိုက်ပွဲဖြစ်နေတဲ့ မြို့တောင်ဘက်ရပ်ကွက်တွေမှာ ပိတ်မိနေတဲ့ မြို့ခံအများစု ရှိနေသေးတယ်။ စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတယ်” ဟု အထက်ပါမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့တွင်း ပိတ်မိကျန်နေခဲ့သူ အသက် ၃၀ ကျော်အရွယ် ကိုမောင်မြင့်အေးမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ကျည်စထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။