- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မင်းပြားဒေသခံသုံးဦး ပြင်းထန်ဒဏ်ရာရရှိ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယမန်နေ့ ညအချိန်တွင် စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျေးရွာသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သွားခဲ့သည်။
08 May 2021
DMG ၊ မေ ၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယမန်နေ့ ညအချိန်တွင် စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျေးရွာသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သွားခဲ့သည်။
ကျေးရွာအနီးတောင်ပေါ်မှ စစ်ကျန်လက်နက်ကို နေအိမ်သို့ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ဦးတင်လှိုင်နှင့် ၎င်း၏မိခင်ဒေါ်လှတင်နု၊ အနီးရှိ ဦးအောင်ကျော်ညွန့်တို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူသုံးဦးထဲမှ ဦးတင်လှိုင်နှင့် ဦးအောင်ကျော်ညွန့်တို့နှစ်ဦးမှာ ယနေ့(မေလ ၈ ရက်) နံနက်ပိုင်းက စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူရန်ရောက်ရှိလာကြပြီး ဒေါ်လှတင်နုမှာလည်း စစ်တွေဆေးရုံသို့ လာရောက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်များနှင့် မြေမြှပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ၄၀ ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိကြောင်း REC မှထုတ်ပြန်ထားပြီး ယခုအခါ ထိခိုက်သေဆုံးမှုများ တစ်ဖြည်းဖြည်း များလာနေသည်။
မြန်မာနိုင်ငံအတွင်း မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ(UXO)ကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာကလေးငယ်များဖြစ်ပြီး ယင်းသို့ ထိခိုက်ဒဏ်ရာရသေဆုံးသည့် ကလေးငယ်များ၏ ၄၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း ယူနီဆက်မြန်မာမှ ဧပြီလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။