- တိုက်ပွဲနီးကပ်လာနေသည့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စပါးစိုက်ပျိုးခိုင်း
- ဖားကန့်တွင် စစ်ရှောင်နေရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြား အကူအညီလိုအပ်နေ
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
အလှကုန်ပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်နေ
အလှကုန်ပစ္စည်းများဖြစ်သည့် မျက်နှာသစ်ဆေး၊ လိုးရှင်း၊ တိုနာ၊ မိတ်ကပ်စသည့်ပစ္စည်းများမှာ ယခုလအတွင်း ၃၀ ရာခိုင်နူန်းအထိ ဈေးမြင့်တက်လာကြောင်း အလှကုန်ပစ္စည်း အရောင်ဆိုင်များထံမှ သိရသည်။
07 Oct 2021

DMG ၊ အောက်တိုဘာ ၇
အလှကုန်ပစ္စည်းများဖြစ်သည့် မျက်နှာသစ်ဆေး၊ လိုးရှင်း၊ တိုနာ၊ မိတ်ကပ်စသည့်ပစ္စည်းများမှာ ယခုလအတွင်း ၃၀ ရာခိုင်နူန်းအထိ ဈေးမြင့်တက်လာကြောင်း အလှကုန်ပစ္စည်းအရောင်ဆိုင်များထံမှသိရသည်။
အမေရိကန်ထုတ် cosmetics ၊ ဂျပန်ထုတ် cosmetics ပစ္စည်းများမှာ အများဆုံးဈေးမြင့်တက်လျက်ရှိပြီး ပုံမှန်အားဖြင့် တစ်သောင်းငါးထောင်ကျပ်ရှိသည့် Cosmetics များမှာ လက်ရှိတွင်နှစ်သောင်းကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။
“ဈေးတွေကတော့ တက်လာပါတယ်။ ဝယ်ရတာလည်း ခက်ပါတယ်။ တစ်ခုက လေးထောင်၊ ငါးထောင်လောက်တောင် တက်သွားပါတယ်။ နောက်တစ်ခုက ဝယ်ရတဲ့အပိုင်းမှာ ပစ္စည်းပြတ်သွားတာတွေရှိတယ်။ ဈေးကတော့ မြင့်တက်နေပါတယ်။ USA ၊ Japan ပစ္စည်းတွေက ဈေးပိုတက်ပါတယ်။ အရင် ၂၄၀၀၀ ရောင်းရတဲ့ပစ္စည်းတွေက အခု ၂၈၀၀၀၊ ၂၉၀၀၀ ဖြစ်သွားပါတယ်၊ ဒီလမှာ ပိုတက်လာတာပေါ့”ဟု Bon Beauty Glowy Sittwe Cosmetics ဆိုင်မှ ကိုးရီးယားထုတ်၊ ဂျပန်ထုတ်၊ အမေရိကန်ထုတ် အလှကုန်ပစ္စည်းများရောင်းချနေသည့် မဘုံဘုံကပြောသည်။
ယင်းအပြင် တရုတ်ထုတ်ပစ္စည်းများနှင့် ပြည်မမှတစ်ဆင့် မှာယူရောင်းချ၍ရသည့်ပစ္စည်းမှာလည်း ယခုလအတွင်း နှစ်ထောင်ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း ဈေးနှုန်းမြင့်တက်လာသည့်အတွက် အဝယ်ထိုင်သွားသည့်အနေအထားရှိကြောင်း မြေပုံမြို့မှ cosmetics များကို အဓိကဖြန့်ချီနေသည့် မနန္ဒာကပြောသည်။
“တရုတ်ထုတ်ပစ္စည်းတွေက နှစ်ထောက်လောက်တက်လာပါတယ်။ ဆယ်လပိုင်းအစကနေ ဈေးတက်လာပါတယ်။ အခုလို ဈေးတက်လာတော့ ဝယ်ယူသူတွေအနေနဲ့လည်း ချိန်သွားတာပေါ့။ ပုံမှန်ဝယ်နေကြတဲ့လူတွေမှာလည်း နှစ်ထောင်တိုးရင်လည်း နှစ်ထောင်တိုးသလောက် အဝယ်နည်းသွားပါတယ်”ဟု ၎င်းကဆိုသည်။
မန္တလေးမှတစ်ဆင့် cosmetic များကို မှာယူရောင်းချနေသည့် စစ်တွေမြို့မှ မဘုန်းမြတ်ယဉ်က “ပုံမှန်ဆိုရင် ငါးထောင်တန်တစ်ခုက တစ်ထောင်နီးပါးလောက်တက်သွားတယ်။ ဆိုတော့ ရာခိုင်နှုန်းနဲ့တွက်လိုက်ရင် လုံးဝအဆင်မပြေဖြစ်သွားတယ်။ တစ်သိန်းမှာ ငါးထောင်၊ နောက် kpay နဲ့လွှဲမယ်ဆိုရင် percent ပေးရတာနဲ့ဆိုတော့ လုံးဝအဆင်မပြေတာမျိုးဖြစ်သွားတယ်”ဟု ပြောကြားသည်။
ကုန်စည်ဈေးနှုန်းမြင့်တက်လာခြင်း၊ လမ်းစရိတ်ဈေးကြီးခြင်း၊ ငွေလွှဲငွေထုတ်အဆင်မပြေသည့်အတွက် တစ်ချို့ online မှတစ်ဆင့် မှာယူရောင်းချနေကြသည့် အမျိုးသမီးအလှကုန် မိတ်ကပ်ပစ္စည်းဆိုင်များမှာလည်း ရပ်နားထားရကြောင်း သိရသည်။