- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဟု ULA/AA ပြောရေးဆိုခွင့်ရှိသူပြော
စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းရှိသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ULA/AA မှ ဖမ်းဆီးရခြင်းဖြစ်ကာ ၎င်းအကျဉ်းသားများကို အချင်းချင်းဖလှယ်သွားမည်ဟု ယနေ့(ဇွန် ၁၄ ရက်နေ့)တွင် ပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
14 Jun 2022
DMG ၊ ဇွန် ၁၄
စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းရှိသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ULA/AA မှ ဖမ်းဆီးရခြင်းဖြစ်ကာ ၎င်းအကျဉ်းသားများကို အချင်းချင်းဖလှယ်သွားမည်ဟု ယနေ့(ဇွန် ၁၄ ရက်နေ့)တွင် ပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် ULA/AA တပ်ဖွဲ့ဝင်တချို့အား ချက်ချင်းပြန်လွှတ်ပေးပါက ULA/AA ဖက်မှ ဖမ်းဆီးထားသည့် စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များအား ချက်ချင်းပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
ယင်းပြင် စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်လာပါက ULA/AA ဖက်မှလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ဘာတွေဆက်လုပ်မှာလည်းဆိုတော့ မြန်မာစစ်တပ်ဖက်က ဖမ်းဆီးထားတဲ့ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တချို့ကို ချက်ချင်းပြန်လွှတ်ပေးတယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ချက်ချင်းပြန်လွှတ်ပေးသွားမယ်လို့စီစဉ်ထားပါတယ်။ ကျနော်တို့ဘက်က ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်ဘက်က အရာရှိတချို့ရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့အတွက် သူတို့ရဲ့တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရတာဖြစ်ပါတယ်” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကဆိုသည်။
ဇွန်လ ၁၁ နေ့ကလည်း ကျောက်တော်မြို့မှ စစ်ကောင်တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဦးခိုင်သုခက အတည်ပြုပြောကြားခဲ့သည်။
ULA/AA ဖက်မှ ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နှိပ်စက်ခြင်းမရှိဘဲ ကျန်းမာရေးစောင့်ရှောက်ထားပြီး ၎င်းတို့တပ်ဖွဲ့ဝင်များကိုလည်း မနှိပ်စက်ဘဲထားရှိဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
“ ကျနော်တို့ဘက်က ဖမ်းဆီးထားတဲ့ မြန်မာတပ်ဖွဲ့ဝင်စစ်သားတွေကို မနှိပ်စက်ဘဲနဲ့ ကျန်းကျန်းမာမာရှိဖို့ ဂရုစိုက်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က တပ်သားတွေကိုလည်း အဲဒီလို ထိန်းသိမ်းထားဖို့လို့မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။
မြန်မာစစ်တပ်တပ်စွဲနေထိုင်သည့် အနီးပတ်ဝန်းကျင်တွင် မြေမြုပ်မှိုင်းထောင်ထားခြင်းများရှိသည့်အတွက် ယင်းအနီးပတ်ဝန်းကျင်သို့ မသွားရောက်ကြဖို့ကိုလည်း ဦးခိုင်ခက သတိပေးပြောကြားခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA)ထံသို့ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ရာကျော်ရှိကြောင်းလည်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။