- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်တွေတွင် စက်ဘီးစီးကမ်ပိန်းပြုလုပ် (ဓာတ်ပုံသတင်း)
၁၆ရက်တာလှုပ်ရှားမှုတွင်ပါဝင်သော ယနေ့နိုဝင်ဘာလ ၂၅ ရက်နေ့သည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ဖြစ်သောကြောင့် ယင်းအထိမ်းအမှတ်အဖြစ် စစ်တွေတွင် ယနေ့နံနက်ပိုင်းက စက်ဘီးစီးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
25 Nov 2021
DMG | ၂၅
၁၆ရက်တာလှုပ်ရှားမှုတွင်ပါဝင်သော ယနေ့နိုဝင်ဘာလ ၂၅ ရက်နေ့သည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ဖြစ်သောကြောင့် ယင်းအထိမ်းအမှတ်အဖြစ် စစ်တွေတွင် ယနေ့နံနက်ပိုင်းက စက်ဘီးစီးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါကမ်ပိန်းကို Women Generation အဖွဲ့မှ ဦးဆောင်ကာ စိတ်ပါဝင်စားသူ အမျိုးသမီးလူငယ်များနှင့် အမျိုးသားအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး လူဦးရေ ၄၀ခန့် ဖြင့်ပြုလုပ်ခဲ့ကြသည်။
စက်ဘီးစီးကမ်ပိန်းကို စစ်တွေမြို့ BXT ဆိပ်ကမ်းမှ စစ်တွေပွိုင့်ကမ်းခြေအထိ ဆင်တူတီရှပ်များဝတ်ဆင်ကာ စီးနင်းခဲ့ကြခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာ၂၅ရက်ကနေ ဒီဇင်ဘာ ၁၀ရက်နေ့အထိက ၁၆ရက်တာကာလမှာ အမျိုးသမီးတွေကိုအကြမ်းဖက်မှုရပ်တန့်ရေးအတွက် ကမ်ပိန်းတွေကို တစ်ကမ္ဘာလုံးမှာလုပ်ကြတယ်။ဒါကြောင့် ကျွန်မတို့အနေနဲ့ ဆင်တူတီရှပ်တွေဝတ်ပြီး ဒီကမ်ပိန်းကို ကျင်းပဖြစ်တာပါ"ဟု Women Generation အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မခင်မြင့်ဇော်ကပြောသည်။