- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
- NLD ပါတီ ဖျက်သိမ်းခံရမှု စိုးရိမ်ကြောင်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ တို့ ပြောကြား
- ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ
မောင်တောတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်း(မြို)ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(ဩဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီအချိန်က မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရရှိခဲ့ကြောင်းသိရသည်။
30 Aug 2022

DMG ၊ ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်း(မြို)ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(ဩဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီအချိန်က မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရရှိခဲ့ကြောင်းသိရသည်။
မိုင်းထိမှန်ခဲ့သူမှာ အသက် ၂၈ နှစ်အရွယ် ဆိန်ကြက်ဆိုသူဖြစသည်။ ၎င်းမှာ ကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသည့် တောင်ယာတွင် ဟင်းရှာရန်သွားစဉ် မိုင်းနင်းမိခဲ့ပြီး ခြေတစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သုံးမိုင်ပရဟိတဆရာတော်က DMG ကိုမိန့်ကြားသည်။
“ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ တောင်ယာကို ဟင်းရှာဖို့သွားတဲ့ အခါ မိုင်းနင်းမိသွားတာ။ ဒဏ်ရာကတော့ ပေါင်၊ ဒူးတွေမှာ ခြေ တစ်ဖက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ လောလောဆယ် အသက်အန္တရာယ်တော့ ပြောလို့မရဘူး။ လူနာက သတိမေ့လျော့မလိုဖြစ်နေတယ်။ အရင်တုန်းကလည်း အဲဒီလမ်းက အမြဲတမ်းသွားနေတာပါ”ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူကို မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယခုကဲ့သို့ ကျေးရွာအနီးတွင် မိုင်းနင်းမိသောကြောင့် တရိန်း(မြို)ကျေးရွာမှ ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။
“မစိုးရိမ်ပဲနေမလား။ ဒီဘက်မှာ တိုက်ပွဲတွေလည်းဖြစ်နေတာဆိုတော့ ခမောင်းဆိပ်၊ မြဝတီက ဒေသခံတွေအကုန်လုံး မောင်တောမြို့ဘက် ထွက်ပြေးကြပြီ”ဟု ဆရာတော်က ဆက်၍မိန့်သည်။
ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍သေဆုံးခဲ့သည်။
လက်ရှိ ပလက်ဝမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်၍ ဒေသခံများကစိုးရိမ်နေကြသည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးထိရှိလာသည်။