- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ
စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးကြဲချမှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ One Love Hotel၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) ခန့် ပျက်စီးသွားခဲ့သည်။
01 Jul 2024

DMG ၊ ဇူလိုင် ၁
တကျော့ပြန်တိုက်ပွဲပြင်းထန်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို စစ်ကောင်စီက ဇွန် ၃၀ ရက်၊ ညသန်းခေါင်ယံ ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။
စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးကြဲချမှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ One Love Hotel၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) ခန့် ပျက်စီးသွားခဲ့သည်။
ကျောက်မဲမြို့ရှိ နေရာအများစုကို TNLA က ထိန်းချုပ်ထားပြီးနောက် လေကြောင်းဖြင့် လာရောက်ပစ်ခတ်နေခြင်း ဖြစ်သည်။
ဇွန်လ ၃၀ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုမှာ ကျောက်မဲမြို့၊ ရပ်ကွက် (၉)ရှိ ဆီဆိုင်တစ်ဆိုင်တွင် ကျရောက်ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အလားတူ ဇွန် ၂၉ ရက်ကလည်း ရပ်ကွက်(၈)အတွင်း စစ်ကောင်စီပစ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး နှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဟိုင်ဂင်သဘောတူညီချက်ပျက်ပြီးနောက် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲစဖြစ်သည့် ဇွန် ၂၅ ရက်မှ ၂၉ ရက်ထိ ၅ ရက်အတွင်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၂၂ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၃၀ ဦးအထိရှိကြောင်း TNLA က ထုတ်ပြန်သည်။
တကျော့ပြန်တိုက်ပွဲကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ နီးပါး ရှိလာကြောင်း သိရသည်။