- စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့ သံတမန်ဆက်ဆံရေး အားလျှော့လာခြင်း
- စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
- အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး
- မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့
- အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ
အမ်း တပ်တောင်မြို့တွင် လက်နက်ကြီးကျ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ
အမ်းမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ နိုဝင်ဘာ ၁၂ ရက်တွင် တပ်တောင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လျှပ်စစ်ရုံးနှင့် အမှတ် (၂) ရပ်ကွက်ရှိ တိုက်နယ်ဆေးရုံးအနီး ကျရောက်ပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
14 Nov 2024

DMG ၊ နိုဝင်ဘာ ၁၄
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အမ်းမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ နိုဝင်ဘာ ၁၂ ရက်တွင် တပ်တောင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လျှပ်စစ်ရုံးနှင့် အမှတ် (၂) ရပ်ကွက်ရှိ တိုက်နယ်ဆေးရုံးအနီး ကျရောက်ပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“အချိန်ကတော့ မနက် ၁၁ နာရီလောက်ရှိမယ်။ အမ်းကနေ တပ်တောင်မြို့ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ။ မြို့ထဲကျလို့ အနီးအနားက အမျိုးသမီးနှစ်ယောက် ကျည်ကျထိမှန်ပြီး ဒဏ်ရာရသွားတယ်။ အခုတော့ အရေးပေါ် ဆေးကုမှုခံယူနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က နပခတစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေသဖြင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်လျက် ရှိသည်။
စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန်ခုခံတိုက် ခိုက်နေခြင်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရ သည်။
“အမ်းမှာ စစ်ကောင်စီက အထိနာနေတော့ အားလုံးကို သိမ်းကျုံးပြီးပစ်ခတ်နေတာ။ တိုက်ပွဲဖြစ်တဲ့ နေရာလည်း ပစ်တယ်။ မဖြစ်တဲ့နေရာကိုလည်းပစ်တယ်။ ဒေသခံတွေမှာ လုံခြုံမှုမရှိဘူး။ လက်နက်ကြီး အန္တရာယ်ကြားမှာ ရှောင်ရှားပြီးနေထိုင်နေကြရတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာများ၊ ဘာသာရေး အဆောက်အအုံများကို ပစ်ခတ်ထားတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။
တိုက်ပွဲတစ်နှစ်တာကာလ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု ၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သား ၆၀၅ ဦးသေဆုံးပြီး ၁,၀၅၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။