- ဖားကန့်တိုက်ပွဲဂယက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ
- အာရက္ခပြည် ပထဝီ စီးပွားရေးကို လေ့လာဆန်းစစ်ခြင်း
- ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ
- သာပေါင်း ခမရ ၃၀၈ တွင် ကာကင်းစခန်းများတိုးချဲ့ကာ ခံစစ်ပြင်
- စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော
မာန်အောင်ဟိုတယ်ဇုံအတွက် ဝန်ထမ်းများစတင်ခေါ်ယူ
မာန်အောင်အများပိုင်ကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေသည့် Master plan ၁၀ ခုထဲမှ တစ်ခုဖြစ်သော ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဇုံကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ရန်အတွက် ဝန်ထမ်းများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောသည်။
10 Jul 2020
အောင်ကောင်းဇော် | DMG
ဇူလိုင် ၁၀ ၊ မာန်အောင်
မာန်အောင်အများပိုင်ကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေသည့် Master plan ၁၀ ခုထဲမှ တစ်ခုဖြစ်သော ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဇုံကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ရန်အတွက် ဝန်ထမ်းများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောသည်။
အလုပ်ခေါ်ယူရာတွင် ဒေသခံအများစုကို ဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး ယခုအချိန်မှစတင်ကာ ဝန်ထမ်း ခေါ်ယူရခြင်းမှာ ဟိုတယ်ဇုံလုပ်ငန်းနှင့်ပတ်သက်သော သင်တန်းများကိုပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ဦးထွန်းလှိုင်က DMG သို့ ပြောသည်။
“ဟိုတည်ဆိုတော့ ဟိုတယ်လုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေ လျှောက်လို့ရအောင်။ ပြီးတော့လျှောက်ထားတဲ့ သူတွေ သင်တန်းတွေလဲပေးရဦးမှာလေ။ ကျွန်တော်တို့က ဒေသကလူငယ်တွေကို ပိုပြီးအလုပ်ရစေချင်တဲ့ သဘောရှိတယ်” ဟု ၎င်းကဆိုသည်။
ဆက်လက်၍ ဦးထွန်းလှိုင်က “အလုပ်လျှေက်တဲ့သူတိုင်းတော့ အလုပ်ခန့်မှာမဟုတ်ဘူး။ ဒီလုပ်ငန်းကို စိတ်ပါဝင် စားသူတွေကဘဲ အလုပ်ရမှာပေါ့။ ပြီးတော့ ဒေသကလူငယ်တွေက ဟိုတယ်လုပ်ငန်းကိုသိတဲ့သူဆိုရင်တော့ ပိုကောင်းတယ်” ဟု ပြောသည်။
ဟိုတယ်ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကာ ယခုအခါ မိုးတွင်းကာလ ဖြစ်နေ ခြင်းကြောင့် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ္တရပ်နားထားရကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။
အဆိုပါ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ၂၀၁၉ ခုနှစ် အစောပိုင်းမှစတင်ပြီး ကအီးအုပ်စု၊ ကအီးကျေးရွာ ကမ်းခြေအနီးတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။
မာန်အောင်ခရီးသွားလုပ်ငန်းအား ၂၀၂၀ အစောပိုင်းတွင် ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း Covid-19 အခြေ အနေကြောင့် လုပ်ငန်းများပြီးစီးမှုမရှိခဲ့သဖြင့် ဟိုတယ်ဖွင့်လှစ်ခြင်းမလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မာန်အောင်အများပိုင်ကုမ္ပဏီ(MPC)အနေဖြင့် မာန်အောင်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် Master Plan (၁၀) ခုမှာ လေဆိပ်အဆင့်မြှင့်တင်ရေး၊ ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး၊ လမ်းတံတား အဆင့်မြှင့်တင်ရေး၊ လျှပ်စစ်စွမ်းအင်ရရှိရေး၊ သောက်သုံးရေရရှိရေးတို့ ပါဝင်သည်။
ထို့ပြင် ရေဆိုးသန့်စင်စနစ်ဆောင်ရွက်ရေး၊ အမှိုက်စီမံခန့်ခွဲရေး၊ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းနှင့်အညီ ဖွံ့ဖြိုးရေး ဆိုင်ရာဇုန်များ အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးတို့ပါဝင်ကြောင်း သိရသည်။